Demo Blog

Windows Hotkeys တွေကို Disable ပေးအသုံးပြုရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

Hot Key ကို Disable မပေးခင် Hot Key ဆိုတာဘာလည်းဆိုတာ သိတဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်

မသိတဲ့သူငယ်ချင်းတွေလည်းရှိပါတယ်။

Hot Key ဆိုတာက ကျွန်တော်တို့ တတွေအသုံးပြုနေတဲ့

Keyboard မှာ ရှိနေတဲ့ print screen/Sys Rq,Scroll Lock နဲ့ Pause/Break တွေကိုဆိုလိုပါတယ်။

သူကို Disable ပေးတဲ့နေရာမှာ နေရာနှစ်နေရာထဲမှာ သွားပြင်ဆင်ပေးကပါတယ်။

ပထမနေရာကတော့
User key လို့ခေါ်တဲ့ HKEY_CURRENT_USER မှာ သွားပြင်ဆင်ကပါတယ်။

ဒုတိယနေရာကတော့
System key ဖြစ်တဲ့ HKEY_LOCAL_MACHINE မှာသွားပြင်ကပါတယ်။

အခုအရင်ဆုံး
User key မှာအရင်ပြင်ပါမယ်။

Run > Regedit ကနေတစ်ဆင့် Registry Editor ထဲကို ၀င်လိုက်ပါ။

ရောက်ရင်တော့ အောက်က Key တွေအတိုင်းသွားလိုက်ပါ။

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer]

ထိသွားလိုက်ပါ။ ပီးရင် Explorer အပေါ်မှာ
right click ကနေတဆင့် DWORD Value တစ်ခုရယူလိုက်ပါ။



ပီးရင်တော့ ရလာတဲ့ DWORD Value နေရာမှာ့ ” NoWinKeys” ဆိုပီးတော့ ရေးပေးပါ။

ပီးရင်တော့ Modify နဲ့ဖွင့်လိုက်ပါ။



အဲ့မှာ Edit DWORD Value Box ကျလာပါမယ်။ Value Data နေရာမှာ 1 လို့ထားပေးလိုက်ပါ။



ပီးရင်တော့ Ok ပေးလိုက်ပါ။

ဒုတိယနေရာဖြစ်တဲ့ System key မှာဆိုရင်လည်း

[HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer]

ထိကိုသွားလိုက်ပါ။
ပီးရင် Explorer အပေါ်မှာ right click ကနေတဆင့် DWORD Value တစ်ခုရယူလိုက်ပါ။

ရလာတဲ့ DWORD Value နေရာမှာ
” NoWinKeys” လို့ပဲရေးပေးပါ။ ပီးရင်တော့ သူ့ကို Modify နဲ့ဖွင့်ပါ။

နောက်ထပ်ထပ်ကျလာမယ့် Box ရဲ့ Value Data နေရာမှာ 1 လို့ထားပေးလိုက်ပါ။

ပီးရင်တော့ Ok ပေးလိုက်ပါ။ အားလုံးပီးရင်တော့ Logoff / Restart ချပေးလိုက်ပါ။

ဒါဆိုရင် အားလုံးပြီးသွားပါပီ...အဆင်ပြေပါစေလို့ ဆန္ဒပြုလျှက်
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!