ငယ်စဉ်ဘဝ
တွယ်တာကြတဲ့
သံယောဇဉ်နဲ့
အထပ်ထပ်ရစ်ပတ်
ခိုင်မြဲချင်ကြတဲ့
ကျောင်းသားအလှ
ငါတို့သူငယ်ချင်းတွေဘ၀ကို
ငါဘယ်တော့မှ မေ့မရပါဘူးကွာ..။
ဒီလိုနဲ့ငါတို
ကျောင်းသားဘ၀ကို
လက်ကာပြခဲ့ပီးပီမို့
ကိုယ့်ဘ၀ကိုတောင်
လျှောက်လှမ်းလာခဲ့ကြပြီလေ......။
အချိန်တွေတောင်
တော်တော်ကြာခဲ့ပီပေါ့
ဒီချိန်မှာသာ
ငါတို့ပြန်ဆုံများတွေ့ခဲ့ရင်တော့
ကျောင်းတော်ကြီးရဲ့
ဗန်ဒါပင်တွေအောက်မှာ
အတွေ့အကြုံတွေ
ဖလှယ်ကြမှာဆိုတော့
ပြောလို့တောင် ကုန်နိုင်မယ်မထင်ဘူးကွာ...။
အခုတော့လည်း
ကိုယ့်ဘ၀ကိုယ်
စရမဲ့အချိန်
ရောက်ခဲ့ပြန်ပီဆိုတော့
ငါတိုတွေ တမြေတရေစီ
ဝေသွားခဲ့ကြရင်တော့
ငါတို့ကျောင်းကြီးရဲ့
ဗန်ဒါပင်တွေအောက်မှာ
မျက်ရည်စတွေနဲ့ ငါ့ကို
လွမ်းနေခွင့်ပြုပါတော့ကွာ....။
0 comments