သိပီးသားလေးတွေလည်းဖြစ်မှာပါ။ ဒါပေမယ့် လည်း ဒါပေမယ့်လည်းပေါ့ ဟီးဟီး
မသိသေးသူများအတွက် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။
• CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
• ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F11 နှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
• ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။
Others
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ 32767 characters ထိ ကန့်သတ်ထားပါတယ်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင်
great လို့ ပေါ်ပါလိမ့်မယ်။
• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
0 comments