Group Policy ကနေလည်းရသလို Registry ကနေလည်းဖျောက်လို့ရပါတယ်။
ကျွန်တော်အခုဆွေးနွေးမှာက Group Policy ကနေပီးတော့ ဖျောက်ပုံ ဖျောက်နည်းလေးကို
ဆွေးနွေးသွားမှာပါ။ စပီးတော့ ဖျောက်ကြည့်ကြမယ်ဗျာ...
အရင်ဆုံး Run ကနေ gpedit.msc ဆိုပီးရိုက်လိုက်ပါ။
အဲ့လိုရိုက်ပီးပီဆိုတာနဲ့ Enter ခေါက်လိုက်ပါ။ ပီးရင်တော့ Group Policy ထဲကိုရောက်ပါမယ်.။

အဲ့ဒါပီးရင်တော့ user configuration အောက်မှာရှိတဲ့ Administrative Templates ကိုသွားလိုက်ပါ။
အဲ့ကနေပီးတော့ Start Menu and Taskbar ကို Click ပေးပါ။

အဲ့ကနေပီးတော့ သူ့ညာဘက်မှာ ရှိတဲ့ Setting ထဲမှာ Remove all program list from the Start menu
ဆိုတာလေးကိုရှာပီးတော့ double click နဲ့ဖွင့်လိုက်ပါ။

သူနဲ့ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ်။

အဲ့ဒီမှာသူက Not configured ကို ရွေးထားတာကိုမြင်ကပါတယ်။ ကျွန်တော်တို့က အဲ့ဒါကို
Enable ကို Select လုပ်ပေးလိုက်ပါ။

ပီးရင်တော့ Apply နဲ့ Ok ပေးလိုက်ပါ။ အားလုံးပီးသွားပီဆိုရင်တော့
သူငယ်ချင်းတို့ရဲ့ Start Menu လေးကိုပြန်ကြည့်လိုက်ပါ။ All Program လေး
ပျောက်နေတာကိုမြင်တွေ့ကမှာဖြစ်ပါတယ်။
အဆင်ပြေပါစေလို့ ဆန္ဒပြုလျှက် ...ဆက်လက်သင်ယူဆဲ
0 comments