Demo Blog
Showing posts with label Group Policy. Show all posts
Showing posts with label Group Policy. Show all posts

Drive တွေကို တခြားသူများဝင်ရောက်သုံးစွဲခြင်းမှကာကွယ်ကြမယ်

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်ပြောချင်တာကတော့ အသုံးပြုနေတဲ့ Drive တွေထဲမှာ တချို့အရေးကြီးတဲ့ အချက်အလက်တွေ

ထည့်ထားတဲ့ Drive တွေရှိတယ်။ အဲ့ဒီ Drive ကို တခြားတစ်ယောက်ယောက်ဖွင့်မရအောင်ဘယ်လို

လုပ်ဆောင်မလဲဆိုတာလေးပါ။ Group Policy ထဲကနေပီးတော့ ပြုလုပ်ပေးကမှာပါ။

အရင်ဆုံး Group Policy ထဲကို (run>>gpedit.msc) ကနေတစ်ဆင့်သွားလိုက်ပါ။


Group Policy ထဲကိုရောက်ရင်တော့

User Configuration >> Adminstrative Templates>> Window Components>>Window Explorer

ထိသွားလိုက်ပါ။ ပီးရင်တော့ သူ့ရဲ့ညာဘက် Panel ထဲမှာ Prevent access to drives from my computer

ဆိုတာရှိပါတယ်။ သူ့ကို Double Click ဒါမှမဟုတ် Right Click ထောက်ပီးတော့ Properties ကနေတစ်ဆင့်

ဖွင့်လိုက်ပါ ။



ပီးရင်တော့ Enable ကို ရွေးပေးပါ။ ပီးရင်အောက်မှာ Pick one of the following combination

ဆိုတဲ့အောက်မှာ သူငယ်ချင်းတို့ နှစ်သက်ရာရွေးပေးပါ။ တကယ်လို့ Drive တွေအားလုံးကို

ဖွင့်မရအောင်လုပ်ထားချင်တယ်ဆိုရင် Restrict all drives ကို ရွေးပေးပေါ့။



နှစ်သက်ရာကိုရွေးနိုင်ပါတယ်။ အားလုံးပီးပီဆိုရင်တော့ Apply & OK ပေးလိုက်ပါ။

ပီးရင်တော့ဖွင့်ကြည့်လိုက်ပါ။

အောက်ပါအတိုင်းဖွင့်လို့မရတဲ့အကြောင်းပေါ်လာပါလိမ့်မယ်။



မိမိကိုယ်တိုင်အသုံးပြုတဲ့အခါမှာတော့

အထက်ပါ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပြန်လည်ဝင်ရောက်ပီးတော့

Enable နေရာမှာ Not Configured ကိုပြန်ရွေးပေးလိုက်ရုံပါပဲ ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။
0 comments more...

Recycle Bin Properties နဲ့ My Document Properties တို့ကို Group Policy ဖြင့်ဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under





အခက်ခဲမရှိပါဖူး သိပီးသားလည်းဖြစ်ချင်လည်းဖြစ်မှာပါ.။

အရင်ဆုံးတော့ Run ထဲကနေ တဆင့် gpedit.msc ဖြင့် ရိုက်ပီး Group Policy ထဲကို အရင် ၀င် လိုက်ပါ.။

ပီးရင်တော့ Local Computer Policy > Adminstrative Templates > Desktop ထိသွားလိုက်ပါ.။

ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ My Document ရဲ့ Properties အတွက်ဆိုရင်တော့

Prevent Properties From the My Documents Contex Menu ကို ဖွင့် Double Click နဲ့ ဖွင့်လိုက်ပါ.။

ပီးရင်တော့ Enable ကို Select လုပ်ပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။ ဒါဆိုရပါပီ.။



Recycle Bin အတွက်ဆိုရင်လည်း အပေါ်ကအတိုင်းပဲ သွားပါ.။

Prevent Properties From the Recycle Bin Contex Menu ကို ဖွင့် Double Click နဲ့ ဖွင့်လိုက်ပါ.။

ပီးရင်တော့ Enable ကို Select လုပ်ပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။ ဒါဆိုရင် သူလည်းပျောက်ပါပီ.။



အဆင်ပြေကြပါစေ ကျေးဇူးတင်ပါတယ်..langue
0 comments more...

Control Panel ကိုဖျောက်ထားကြမယ်

by ရာမညတိုင်းသား on Nov.22, 2009, under

1. run ကနေပီးတော့ gpedit.msc လို့ရိုက်ပါ

၂. administrative templates သွားပါ

၃. အဲ့ကနေ သူ့အောက်မှာရှိတဲ့ control panel ကိုသွားပါ

၎. ညာဘက်မှာရှိတဲ့ prohibit access to control panel ကို click ပါ

၅. သူနဲ့သက်ဆိုင်တဲ့ box တစ်ခုကျလာပါမယ် အဲ့ဒီမှာ enable ပေးပါ ။ ပီးရင် apply >ok

၆. Group policy ကို ဒီတိုင်းထားထားပါ ။ Stat ကိုသွားပီးတော့ ပြန်ကြည့်လိုက်ပါက control panel ပျောက်နေတာကိုတွေ့ရမှာပါ .

အကယ်၍ မပျောက်ရင်လည်း ဖွင့်လို့မရတော့ပါဘူး.

၇. Group Policy မှ Display ကိုဖွင့်ပါ

၈. Remove Display in Control Panel ကိုဖွင့်ပါ ။ သူနဲ့ဆိုင်တဲ့ box လေးကျလာပါလိမ့်မယ်

၉. Enable ပေးလိုက်ပါ ပီးရင်တော့ Apply > ok ပါ။ ဒါဆိုရင်တော့ လုံးဝကို ပျောက်သွားတာကိုမြင်ကပါ

လိမ့်မယ် ။ ပြန်ပေါ်ချင်တယ်ဆိုရင်တော့ တဆင့်ဆီက Not Configured ပြန်ပေး လိုက်ပါ ။ ဒါဆို ပေါ်လာပါလိမ့်

မယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
clapclap
0 comments more...

Start Menu က Run လေးကို Group Policy ကနေ ဖျောက်ကြည့်ကြမယ်

by ရာမညတိုင်းသား on Nov.22, 2009, under

Group Policy ကိုဖွင့်လိုက်ပါ။ အဲ့ကနေပီးတော့ အောက်ကအတိုင်းတစ်ဆင့်ချင်းသွားလိုက်ပါ။

User Configuration / Adminstrative Templates / Start Menu and Taskbar ထိသွားလိုက်ပါ။

ပီးရင်တော့ သူ့ညာဘက်မှာ Remove Run Menu from Start Menu ဆိုတာရှိပါတယ် ။

သူ့ကိုဖွင့်လိုက်ပါ။ Property Box လေးကျလာပါလိမ့်မယ်။ Not Configured ဆိုတာကို ရွေးထားတာတွေ့ကပါမယ်။

ကျွန်တော်တို့က ဖျောက်ချင်တော့ Enable ရွေးပေးပါ။ ပီးရင်တော့ Apply / Ok ပေးလိုက်ပါ။

အားလုံးပီးပီဆိုရင်တော့ Start Menu ကိုပြန်ကြည့်ကြည့်လိုက်ပါ။ ပျောက်နေတာကိုတွေ့ကမှာပါ။

Window + R လည်းခေါ်လို့မရတော့ပါဘူး ။ ပြန်ဖေါ်ချင်တယ်ဆိုရင်တော့ အဆင့်အတိုင်းပြန်သွားလိုက်ပါ။ ဒါဆိုရပါပီ

နောက်တစ်နည်းကတော့ အားလုံးသိပီးသားဖြစ်ချင်ဖြစ်မှာပါ။ Taskbar / Properties / Start Menu / Customize / Advanced /

Run Command ထိသွားလိုက်ပါ။ Run Command ကို Uncheck ပေးလိုက်ပါ။ ဒါလည်းအဆင်ပြေပါတယ်။

အဆင်ပြေပါစေလို့ တောင်းဆုချွေလိုက်ပါတယ်... ကျေးဇူးပါ..pika21
0 comments more...

Start Menu ပေါ်က All Program လေးကိုဖျောက်ထားကြည့်မယ်

by ရာမညတိုင်းသား on Nov.22, 2009, under

Group Policy ကနေလည်းရသလို Registry ကနေလည်းဖျောက်လို့ရပါတယ်။

ကျွန်တော်အခုဆွေးနွေးမှာက Group Policy ကနေပီးတော့ ဖျောက်ပုံ ဖျောက်နည်းလေးကို

ဆွေးနွေးသွားမှာပါ။ စပီးတော့ ဖျောက်ကြည့်ကြမယ်ဗျာ...

အရင်ဆုံး Run ကနေ gpedit.msc ဆိုပီးရိုက်လိုက်ပါ။

အဲ့လိုရိုက်ပီးပီဆိုတာနဲ့ Enter ခေါက်လိုက်ပါ။ ပီးရင်တော့ Group Policy ထဲကိုရောက်ပါမယ်.။

အဲ့ဒါပီးရင်တော့ user configuration အောက်မှာရှိတဲ့ Administrative Templates ကိုသွားလိုက်ပါ။

အဲ့ကနေပီးတော့ Start Menu and Taskbar ကို Click ပေးပါ။

အဲ့ကနေပီးတော့ သူ့ညာဘက်မှာ ရှိတဲ့ Setting ထဲမှာ Remove all program list from the Start menu

ဆိုတာလေးကိုရှာပီးတော့ double click နဲ့ဖွင့်လိုက်ပါ။



သူနဲ့ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ်။

အဲ့ဒီမှာသူက Not configured ကို ရွေးထားတာကိုမြင်ကပါတယ်။ ကျွန်တော်တို့က အဲ့ဒါကို

Enable ကို Select လုပ်ပေးလိုက်ပါ။

ပီးရင်တော့ Apply နဲ့ Ok ပေးလိုက်ပါ။ အားလုံးပီးသွားပီဆိုရင်တော့

သူငယ်ချင်းတို့ရဲ့ Start Menu လေးကိုပြန်ကြည့်လိုက်ပါ။ All Program လေး

ပျောက်နေတာကိုမြင်တွေ့ကမှာဖြစ်ပါတယ်။

အဆင်ပြေပါစေလို့ ဆန္ဒပြုလျှက် ...ဆက်လက်သင်ယူဆဲ
cool
0 comments more...

USB Autorun ကို Disable ပေးရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

Start ကနေပီးတော့ gpedit.msc လို့ခေါ်လိုက်ပါ။ ပီးရင်တော့ Ok သို့မဟုတ် Enter ပေါ့။

အဲ့ကနေပီးတော့ အောက်ကအတိုင်း

Computer Configuration -> Administrative Templates -> System ထိသွားလိုက်ပါ။

သူ့ညာဘက်မှာတော့ Turn off Autoplay ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင်တော့ Double Click နဲ့ဖွင့်လိုက်ပါ။

ပီးရင်တော့ Turn off Autoplay Properties Box ပေါ်လာပါလိမ့်မယ်။

အဲ့ဒီမှာ Enable ကိုပေးလိုက်ပါ။ ပီးရင်တော့ Turn off Autoplay on ဆိုတဲ့နေရာမှာ All Drives လို့ပေးလိုက်ပါ။



ပီးရင်တော့ Apply နဲ့ Ok ပေါ့ ။ ဒါဆိုရပါပီ။ အဆင်ပြေပါစေဗျာ...clapclap
0 comments more...

Add or Remove Programs ဖွင့်မရတဲ့ Error ကို ဖြေရှင်းရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

Control Panel ထဲမှာ ရှိတဲ့ Add or Remove Programs ကိုဖွင့်လိုက်တဲ့အခါမှာ ဖွင့်မရဘူး

အောက်က အတိုင်းပဲ message ပေါ်လာတယ်.။



Add or Remove Programs has been restricted. Please check with your administrator

အဲ့ဒီလိုမျိုးပေါ်လာပီဆိုရင်တော့

Start / Run / Gpedit.msc ကနေတဆင့် Group Policy ထဲကို ၀င်ရောက်လိုက်ပါ.။

ရောက်ပီဆိုရင်တော့ အောက်က အတိုင်းပဲဆက်သွားလိုက်ပါ.။

User Configuration tab / Administrative Templates / Control Panel / Add or Remove Program ထိကိုသွားလိုက်ပါ.။

ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ ရှိတဲ့ Remove Add or Remove Program ဆိုတာကို ဖွင့်လိုက်ပါ.။

ပီးရင်တော့ သူနဲ့သက်ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ်.။ အဲ့ဒီမှာ Not Configured ကိုရွေးပေးလိုက်ပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ.။ ဒါဆိုအဆင်ပြေပါပီ.။

ကျေးဇူးတင်ပါတယ်.။ အဆင်ပြေကြပါစေခင်ဗျာ...။lol
0 comments more...

System Restore ကို Disable ပေးကြည့်ခြင်း

by ရာမညတိုင်းသား on Nov.22, 2009, under

System Restored ကို Disable ပေးကြည့်ရအောင်။

Run ကနေ Gpedit.msc ကနေတဆင့် Group Policy ကို ၀င်လိုက်ပါ.။

ပီးရင်တော့ အောက်ကအတိုင်းဆက်သွားလိုက်ပါ.။

Computer Configuration | Administrative Templates | System | System Restore ကိုရောက်ပီဆိုရင်

သူ့ညာဘက် Panel ထဲက Turn off System Restore ကို Double Click နဲ့ဖွင့်လိုက်ပါ.။




ပီးရင်တော့ သူနဲ့ သက်ဆိုင်တဲ့ Box ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Nor Configured ကို ရွေးပေးလိုက်ပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ။

လုပ်ကြည့်လိုက်ပါ.. System Restore လုပ်လို့မရတော့ပါဘူး..။
happy
0 comments more...

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!