မနက်ကျရင်လည်းကျောင်းက သွားကဦးမယ်ဗျာ...။
မသွားလည်းမသွားချင်ဘူး မသွားလို့ကလည်းမရ။
ဒါနဲ့ ဒီညဖို့တော့ လွယ်တာလေးပဲ တင်ပေးလိုက်ပါတယ်..။
သိထားတယ်ဆိုရင်တော့ ကျော်ဖတ်ပေါ့ ဟုတ်ဘူးလား ဟီးဟီး
ခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပါပဲ..။
ဖွင့်မရအောင်လို့ပြောတယ်နော် ဘယ်လိုပြန်လုပ်ကမလဲဆိုတာတော့
လား ပြန်ပီးတော့မမေးနဲ့ :P
ဝါသနာပါတယ်ဆိုရင်တော့ ကလိကြည့်ပါ.. တိုက်တွန်းပါတယ်.:P
ဒါကို စမ်းသပ်မယ်ဆိုရင်တော့ mspaint ကို တကယ်ဖွင့်လို့မရတော့ပါဘူး..။
ပြန်လည်ဖွင့်ချင်တယ်ဆိုရင်တော့ System Restored နဲ့တော့ ပြန်လည်ဖြေရှင်းလို့ရပါတယ်.။
Start / Run မှာ control appwiz.cpl,,2 လို့ရေးပီး Enter ခေါက်ပါ.။
တကယ်လို့ အဲ့ဒီလိုမျိုး မရေးချင်ဘူးဆိုရင်လည်း Add/Remove Programs ကို သွားပါ..။
ပီးရင် Add/Remove Windows Components ကိုဖွင့်လိုက်ပါ.။
Windows Components Wizard လေးပေါ်လာပါလိမ့်မယ်...။
အဲ့ထဲက Accessories and Utilities ကို Double Click နဲ့ဖွင့်လိုက်ပါ..။
ပီးရင်တော့ Accessories ဆိုတာကို Double-click နဲ့ထပ်ဖွင့်လိုက်ပါ..။
Accessories နဲ့ဆိုင်တဲ့ Box ကျလာပါလိမ့်မယ်.။
အဲ့ဒီထဲမှာ Paint ဆိုတာကို Uncheck ပေးလိုက်ပါ.။
ပီးရင်တော့ Ok ပေးလိုက်ပါ.။
ပီးရင် နောက်ဆုံးမှာ Next ကို နှိပ်ပေးပါ.။
ဒါဆိုအားလုံးပီးပါပီ.။
ကျေးဇူးတင်ပါတယ်
0 comments