ဒါလေးကလည်း ရှင်းတော့ရှင်းရှင်းလေးပါပဲ ။ ခေါင်းစဉ်ဖတ်တာနဲ့ တင် ရှင်းတယ်လို့ယူဆရတယ်
ဒီတိုင်းလေးပဲထားထားတော့မယ် ရှင်းနေလို့လေ ဟီးဟီး ..
ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ အဆင့်အတိုင်းသွားလိုက်ရုံပါပဲ
လိုတာတွေထည့်မယ် .ဗျာ
စပီးတော့ စမ်းကြည့်လိုက်ရအောင် ဗျာ နော်..
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer]
အဲ့ကနေပီးတော့ New Values ယူလိုက်ပါ..ပြီးရင်တော့ အဲ့ Value တွေနေရာမှာ အောက်မှာပြထားတဲ့
“NoSetTaskbar”=dword:00000001
“NoTrayItemsDisplay”=dword:00000001
“HideClock”=dword:00000001
“NoToolbarsOnTaskbar”=dword:00000001
“NoTrayContextMenu”=dword:00000001
“NoSaveSettings”=dword:00000000
ဒါလေးတွေကို New Value ကတစ်ဆင့် Rename ပေးပီးယူလိုက်ပါ။
“NoSaveSettings”=dword:00000000 ကတော့ ရှိပီးသားပါ.. အဲ့ကောင်ကို 0 ဖြစ်နေတာကို 1 ပြောင်းပေးလိုက်ပါ။
ပီးရင်တော့ Decimal ပေး ပီး Ok ။
“NoSaveSettings”=00000001 အဲ့လိုလေး ပေါ်သွားလိမ့်မယ် ။
ပီးရင်တော့ Restart နဲ့သာ အဆုံးသတ်ပေးလိုက်ပေါ့ဗျာ။ ၀င်ဒိုးပြန်တတ်လာရင်တော့ Taskbar မှာရှိနေတဲ့ Start Menu
ကလွဲလို့ ကျန်တာတွေပျောက်နေတာကို တွေ့က မှာပါပဲ ။ Taskbar ပေါ်မှာလည်း RightClick ပေးလို့မရတော့ပါဘူး ။
မူလအတိုင်းပြန်ဖြစ်ချင်ရင်တော့ တဆင့်ချင်းပြန်သွားပီး အစောက အသစ်ယူထားတဲ့ Value တွေကို Delete လုပ်ပီးတော့
“NoSaveSettings” ကိုတော့ 1 နေရာမှာ 0 ထားပီး Decimal ကိုပြန်ရွေး Ok ပေးပီး Restart ပြန်ချပေးလိုက်ပါ။
မူလအတိုင်ပြန်တွေ့ကမှာပါ။ ဒါပေမယ့် Date & Time လေးတော့ပျောက်နေပါလိမ့်မယ်။
Taskbar မှာ Property ပေးပီး Show The Clock ကို Check ပေးလိုက်ပါ။
ဒါဆိုရင်တော့အားလုံး မူလအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်
အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်..ကျေးဇူးပါသူငယ်ချင်းများ။
0 comments