Demo Blog

Power MP3_Cutter_Joiner (Portable)

by ရာမညတိုင်းသား on Nov.22, 2009, under

သူလည်းသီချင်းတွေကိုဖြတ်တောက်တဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်..။

သုံးကတာက ရိုးရှင်းလွယ်ကူပါတယ်ခင်ဗျာ..။

သူ့ကိုစတင်ပီးတော့ ဖွင့်လိုက်တာနဲ့ အောက်ကပုံလေးအတိုင်းပေါ်လာတယ်ခင်ဗျ!!


ပီးရင်တော့ သူငယ်ချင်းတို့ ပြောင်းချင်တဲ့ သီချင်း Files ( MP3 or WAV or WMA or OGG files)

စတာတွေမှလုပ်လို့ရပါတယ်..။

File ကနေပီးတော့ Add File ကို နှိပ်၍ သီချင်းကိုအပ်နိုင်သလို + ကို သုံး၍လည်း ပြုလုပ်နိုင်တယ်..။



အပေါ်ပုံကတော့ သီချင်းတစ်ပုဒ်အပ်ပီးတဲ့ အခြေအနေပါ..။

ပုံကိုကြည့်လိုက်ပါ..။ Start Time နဲ့ End Time ဆိုတာကို သူငယ်ချင်းတို့ ဖြတ်ချင်တဲ့ သီချင်းနေရာ

အချိန်လေးကို မှတ်သားထားပီးတော့ အဲ့ ဒီအတိုင်းပြုလုပ်ရန်လိုအပ်ပါတယ်..။

သတ်မှတ်ပီးပီဆိုရင် Pre-listen ဆိုတာလေးကို အမှန်ခြစ်ပေးဖို့လည်းမမေ့ပါနဲ့..။

Browse နေရာကတော့ သူငယ်ချင်းတို့ ဖြတ်ပီးတဲ့ သီချင်းအပိုင်းလေးကို Save ထားမယ့် နေရာဖြစ်ပါတယ်..။

OutPut For Cutting ဆိုတာကတော့ ရလာမယ့် သီချင်းကို File Type လေးခုထဲက

နှစ်သက်ရာတစ်ခုကိုရွေးခိုင်းတဲ့ဟာပါ..။

အားလုံးရွေးပီးပီဆိုရင်တော့ သီချင်းလေးကို Play နဲ့ နားထောင်လိုက်ပါ..။ ပီးရင်တော့ Stop လိုက်ပါ..။

ပီးရင်တော့ Cut ဆိုတာလေးကိုနှိပ်လိုက်ပါ..။ အလိုအလျှောက် Convert လုပ်သွားပါလိမ့်မယ်..။



အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ..။

အလိုရှိရင်တော့ D မှာ Download ရယူနိုင်ပါတယ်..။

ကျေးဇူးတင်ပါတယ်..။razz
0 comments more...

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!