Demo Blog

အလွမ်းတမ်းချင်းနဲ့ငါ့ဆန္ဒ

by ရာမညတိုင်းသား on Nov.22, 2009, under

ငါ့တစ်သက်မှာ

မင်းမျက်နှာလေး

ငေးမောနေတာ

မင်းငါ့ရှေ့က မထွက်ခွာခင်ကလေး

ငါ့ရဲ့နွေးထွေးတဲ့ လက်တစ်စုံနဲ့ပွေ့ဖတ်ပြီး

ငါ့ရဲ့နွမ်းလျတဲ့ စိတ်အစဉ်နဲ့

မင်းကို နမ်းရှုံ့နေခဲ့ပေမယ့်

ငါ့ရင်မှာသိနေတာတစ်ခုကတော့

ဒီရင်တစ်သက် လွမ်းရတော့မယ် ချစ်သူ..။

မင်းငါ့ကိုပြောခဲ့ဖူးတဲ့

စကားတစ်ခွန်းရှိခဲ့ဖူးပါတယ်

သံယောဇဉ်ဆိုတာ

အချစ်မဟုတ်ဘူးဆိုတဲ စကားလေးလေ..

အခုတော့ ငါနားလည်လိုက်ပါပီ ချစ်သူ..။

နောက် မင်းငါ့ကို ပြောခဲ့တယ်

မင်းကို ချစ်ရင် ကဗျာဆန်အောင်ချစ်ပြပါဆိုတဲ့

စကားလေးတစ်ခွန်းလည်း

ငါမေ့မရတဲ့အထဲမှာ ပါတယ်လေ..

အခုတော့ ငါတစ်ယောက်တည်း

အထီးကျန်ဆန်စွာနဲ့

ကဗျာတွေရေးတတ်နေပီ ..ချစ်သူ..။

ငါ့ရင်ထဲမှာ ပြောချင်နေတယ်

ရှင်သန်နေတဲ့ နှလုံးသားဟာ

မင်းတစ်ယောက်တည်း အတွက်ဆိုတာကိုတော့

နားလည်ထားစေချင်တယ် ..ချစ်သူ..။

ငါနောက်ဆုံး ရင်ထဲမှာ ပြောချင်တဲ့

စကားတစ်ခွန်းတော့ရှိသေးတယ်

သတိရတိုင်းမင့်ကိုလွမ်းတယ်

ဒါကို မင်းမယုံရင်လည်း

ရှိစေတော့ပေါ့...ငါချစ်တဲ့ ငါ့ချစ်သူရယ်...။
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!