ရာမညမြေမှကြိုဆိုပါ၏.....ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

Demo Blog
Showing posts with label ဟာသအမောပြေ. Show all posts
Showing posts with label ဟာသအမောပြေ. Show all posts

လှထွဠ်ဦးရဲ့ ရုပ်ပြဟာသလေးများ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ



0 comments more...

တော်ပါပေတယ်

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
0 comments more...

အ၀ှါ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

အငြိမ့်တစ်ခုတွင်ဖြစ်သည်........

ဦးသိန်းဆု။ ။ ရွှေပွဲလာ ပရိတ်သတ်ကြီးကို ၀ိုင်းတော်သားတွေနဲ့ မိတ်ဆက်ပေးရအုံးမယ်။ ဟောဒီက ဆိုင်းဆရာကြီး စိန်မြသောင်း...

ဆိုင်းဆရာ။ ။ တစ်ချက်နှစ်ချက် လက်စွမ်းပြလိုက်သည်.. (ပလို့ဂျိ.. ပလို့ဂျိ...)။

ဦးသိန်းဆု။ ။ သူဆို နှယ်နှယ်ရရ မဟုတ်ဘူးခင်ဗျ။ အရင်တုံးက ဆရာဝန်ကြီး။ မမွေးနိုင်တဲ့ လူနာတွေကို မွေးပေး တာသိပ်တော်တာ။ နောက်ဆုံး တစ်ခေါက် မိန်းမတစ်ယောက်ကို မွေးပေးအပြီး ပြန်ချုပ်ပေးတာ ချုပ်ကောင်းကောင်းနဲ့ အထက်အထိချုပ်မိလို့ လူနာရဲ့ ယောင်္ကျားက တရားစွဲ လို့ ဆရာဝန် အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ ဆိုင်းလာတီးနေတာ။

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဟော ဟိုက နှဲဆရာ ကိုငွေကိုင်...

နှဲဆရာ။ ။ နှဲကြီးကို တစ်ချက်နှစ်ချက် မှုတ်လိုက်သည် (တယ်နှယ့်.. တူ့နှယ်..တူနှယ်)

ဦးသိန်းဆု။ ။ သူလဲ နှယ်နှယ်ရရ မဟုတ်ဘူး။ အရင်က သမ၀ါယမ ဂိုဒေါင်မှုးကြီး။ သူကျတော့ ဆားနဲ့သကြားနဲ့မှားပြီး သကြားပုံထဲ ဆားအိတ်တွေ လောင်းထည့်မိလို့ အလုပ်ကပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ နှဲလာမှုတ်နေတာ။

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ထပ်ပြီး မိတ်ဆက်ပေးရ အုံးမယ်... ဟောဒီက မောင်းဆရာ ကိုတုတ်ကြီး...

မောင်းဆရာ။ ။ လက်စွမ်း အနည်းငယ်ပြလိုက်သည်။ (တုံ..တုံ..ထုံ..ထုံ)

ဦးသိန်းဆု။ ။ မောင်ဆရာကြီးက အရင်က နှယ်နှယ်ရရ မဟုတ်ပေဘူးဗျ... အရင်တုံးက အစိုးရရုံးက ငွေကိုင် စာရေးကြီး... သူက မျက်မှန် ချွတ်ထားရင် သိပ်မမြင်ရဘူး။ အဲဒီတုံးက တရက်မှာ ဗိုက်ကြီးသည်တစ်ဦး သူအလုပ်စားပွဲနား မတ်တပ်ရပ်နေတာ မီးခံသေတ္တာနဲ့ မှားဖွင့်မိလို့ အလုပ်ပြုတ်လာပြီး ကျုပ်တို့အဖွဲထဲ မောင်းလာတီးနေရတာ...

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဟော ဟိုက ပတ်မကြီး ဆရာ ကိုမြသိန်း... သူကတော့ အရင်က အင်ဂျင်နီယာပေါ့။ ယန္တရားစက်ကြီးတွေ ကိုင်ရတာ။ တစ်ခေါက်က ဘေးနားချထားတဲ့ ထညက်ရည်ပုံးကြီးကို အင်ဂျင်ဝိုင်နဲ့ မှားထည့်မိလို့... အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲ့ထဲမှာ ပတ်မကြီးလာတီးနေရတာဗျို့...

ပရိတ်သတ်။ ။ ရယ်သံများ...


ဒီလိုနဲ့ အငြိမ့်ကတာကြည့်လိုက် ပျက်လုံးတွေထုတ်တာ နားထောင်လိုက်။ ရယ်လိုက်ကြရတာမှ အူတွေပါနာသည်။
မှတ်မှတ်ရရ အဲဒီတုံးက သူဌေးက မင်းသမီးကို ဆုငွေငါးထောင်၊ လူရွှင်တော်တွေကို နှစ်ထောင်စီ ဆုချလိုက်လေသည်။ လူရွှင်တော်သုံးဦး ပြန်ထွက်လာသည်။

ဦးသိန်းဆု။ ။ စာရွက်ကလေးကိုင်ပြီး ... "အလှူ့ဒကာကြီး ဦး... က မင်းသမီး အတွက် ဆုတော်ငွေ ငါးထောင်တဲ့... ကျွန်တော်တို့ သုံးဦးအတွက် ဆုတော်ငွေ နှစ်ထောင်ကျပ်စီ ချီးမြှင့်ပါတယ်... "... အလှူ့ ဒကာကြီး ဦး... နဲ့ အလှူ့အမကြီး ဒေါ်... တို့ ကျန်းမာ ချမ်းသာပြီး စီးပွားဥစ္စာများတိုးတက်ပါစေကြောင်း ဟောဒီ အငြိမ့်စင်ပေါ်ကနေပြီးတော့ ဆုတောင်း ပထ္ထနာပြု လိုက်ပါတယ်ခင်ဗျား....


ဦးပေါစံ။ ။ နေအုံး... ကိုသိန်းဆု... ဆုတော်ငွေဘယ်လောက်ချသလဲ ပြန်ပြော စမ်းပါအုံး...


ဦးသိန်းဆု။ ။ မင်းသမီးကို ငါးထောင်... ကျုပ်တို့ကို နှစ်ထောင်စီ...

ဦးပေါစံ။ ။ ပရိတ်သတ်ကို ကြည့်၍... ကိုင်း... မင်းသမီးကျတော့ ငါးထောင်တဲ့ဗျ.... ကျုပ်တို့ လူရွှင်တော်တွေကျတော့ နှစ်ထောင်စီတဲ့... ကျုပ်တို့က အ၀ှာမပါလို့ နေမှာ ဗျ...နှော့်..

ပရိတ်သတ်။ ။ ရယ်သံများ...

ဦးသိန်းဆု။ ။ ဘာမပါတာလဲဗျ.. ခင်ဗျားဥစ္စာကလည်း...

ဦးပေါစံ။ ။ အ၀ှာမပါလို့ နေမှာပါဆို...

ဦးသိန်းဆု။ ။ ဘာလဲဗျ... ရှင်းစမ်းပါအုံး...

ဦးပေါစံ။ ။ ရယ်ကျဲကျဲဖြင့်.... အော်.. အနုပညာ ဗီဇ ကို ပြောတာပါဗျာ...

ပရိတ်သတ်။ ။ ရယ်သံများ....
0 comments more...

တော်လိုက်တဲ့ ဒါရိုက်တာ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

နာမည်ကြီးမင်းသမီးတစ်ယောက် သူ့ အခု သရုပ်ဆောင်ရမယ့် ဇတ်ဝင်ခန်းအတွက် အခက်တွေ့နေသည်။

ဇတ်ဝင်ခန်းကုလေးလေးနက်နက်စဉ်းစားနေတဲ့ပုံ လုပ်ပီးတော့ သရုပ်ဆောင်ကမှာဖြစ်တဲ့အတွက်

အတော်လေး အခက်တွေ့နေတယ်။ တော်တော်နဲ့လည်းသရုပ်မဆောင်နိုင်ဘူး။

မင်းသမီးကပြောတယ် : ဒါရိုက်တာဒီအခန်းကိုကျွန်မ သရုပ်ဆောင်လို့ရမယ်မထင်ဘူး။

ဒါရိုက်တာ: ဒါများမင်းသမီးရယ်။ ကဲကဲ ရယ်ဒီ စက်သမားတို့ဘာတို့ ၊ အဲ့လိုလည်းပြောပီးကော

ဒါရိုက်တာကဘာဆက်ပြောတယ်ထင်လဲ ??

ဒါရိုက်တာပြောလိုက်တာက မင်းသမီး ၁၆ နဲ့ ကိုးနဲ့မြှောက်ရင်ဘယ်လောက်လဲ တဲ့

ဖြည်းဖြည်းပြုံးပါ......
0 comments more...

ငါမှားပီ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

အမျိုးသမီး - လမ်းတစ်လျှောက်လုံး ရှင်ဘာဖြစ်လို့ကျွန်မနောက်လိုက်နေရတာလဲရှင့်။

အမျိုးသား - အခုခင်ဗျားကျွန်တော့်ဘက်လှည့်ပြီးပြောလိုက်တော့မှအဲ့ဒီမေးခွန်းကို

ကျွန်တော့်ကိုယ်ကျွန်တော်မေးမိတယ်ဗျာ။
0 comments more...

phone မှားသွားလို့.

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

ဖုံးသံမြည်လာတယ်
"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိ

မ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"524895 လေ...."
"ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပါဗျာ..
ဟို..ဟိုလေ...
phone မှားသွားလို့.....ဒါပဲနော်" ဟီးဟီး
0 comments more...

*ကြောက်တယ်နော်....း)*

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့
ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “
မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်”
လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့
ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး
ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။
.............. ............ ဟီးဟီးဟီး
0 comments more...

*ဖြစ်ချင်တာက......... .... *

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။
ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။
တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက်
စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက်
လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ
0 comments more...

*ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း * **

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး
ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။
အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့
အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။
ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”
0 comments more...

*သူ့ထက်သူ *

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ
အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ
မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်
သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး
ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ
်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ
ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး
ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်
0 comments more...

အခ်စ္ညဝတ္အက်ီၤ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို
ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့
ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > >
" ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ
စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ
ဝတ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက
ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို
လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ
ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့
အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး
"ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့
ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။
ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
...... ....
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )
0 comments more...

*လက်ထပ်ပြီးစီးခြင်း *

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာပြန်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ်
(တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊
ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌
လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)
0 comments more...

*တစ်ညလုံးဆို ဘယ်လောက်လဲ*

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က
“ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ” ဟု မေးသည်။
ထိုအခါ လူနာ မိန်းမက
“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။
နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ” ဟု မဝင့်တဝင့်
ပြောသည်။ ထိုအခါ ဆရာဝန်က...“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့
အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80
ကျပါမယ် ” ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“
ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက်
ယူပါသလဲရှင် ”...။
........ ........ တစ်ညလုံးကြီးများတောင်...
0 comments more...

ဂီတစာဆို

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။

"ဆရာ...ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား"

"ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။"
0 comments more...

လျှော့မပြောနဲ့

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။

"အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ"

အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။

"၂၈ နှစ်ပါ"

"ဪ မှတ်ဥာဏ်လည်း မကောင်းဘူးကိုး"
0 comments more...

ကူညီချင်ပါတယ်

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။

"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"

"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"
0 comments more...

ပိန်နည်း

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။

"ဒေါက်တာ.....ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်"

"ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။"

"တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ"

"ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း"
0 comments more...

ငြင်းပါ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"

"ဟင့်အင်းလို့ ပြော"
0 comments more...

သင်ခန်းစာ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။

သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
0 comments more...

ချစ်တဲ့အကြောင်းပဲပြောပါ

by ရာမညတိုင်းသား on Nov.22, 2009, under ဟာသအမောပြေ

"ရှင် ကျွန်မကို ချစ်တယ်နော်"

"သိပ်ကို ချစ်တယ်"

"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"

"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."
0 comments more...
Older Posts Home
transmission san diego


For more widgets please visit www.yourminis.com

ရာမညမြေမှကြိုဆိုပါ၏ .....နောက်တစ်ကြိမ်ထပ်မံလာရောက်ဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ...စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ..

ရာမညမြေမှ ဖိတ်ခေါ်ပါ၏

ကျွန်တော့်ရဲ့ ရာမညမြေ သို့

လာလည်ပေးကြတဲ့ သူငယ်ချင်းတွေအားလုံး

ကျေးဇူးအထူးတင်ရှိပါတယ်...

နောင်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..

ရာမညမြေကိုယ်စားပြု

ကျွန်တော့်အကြောင်း

My photo
ရာမညတိုင်းသား
မွန်ပြည်နယ်လို့ ခေါ်တဲ့ ရာမညတိုင်း မှာ နေပါတယ်. စားပြီးအိပ်နေ ဘိက္ခဝေ သေရင်ပတ်လက် နတ်ပြည်တတ် ဆိုတဲ့ စကားပုံအတိုင်း စားလိုက်အိပ်လိုက်နဲ့ပါပဲ:P
View my complete profile

ကျွန်တော်နှင့်ဆုံတွေ့နိုင်သော

မြန်မာဖောင့်မမြင်ကပါက

DOWNLOAD_BLOGGER_DAY_HERE

Categories

  • Registry (75)
  • Software (53)
  • ဟာသအမောပြေ (42)
  • ခံစားမှုလေးများ (24)
  • နည်းပညာ (24)
  • Conveter Software (15)
  • ကွန်ပြူတာ ဗဟုသုတ (13)
  • Group Policy (8)
  • Group Policy နဲ့ Registry (8)
  • Antivirus (7)
  • Burning Studio (4)
  • Software အတိုအထွာ (3)
  • Adobe Software (2)
  • Blog (2)
  • Keygen (2)
  • Virus (2)
  • Game (1)
  • Wallpaper (1)

Blog Archive

  • ▼  2010 (281)
    • ▼  May (4)
      • ▼  May 11 (1)
        • Moo0_ScreenShot_1.01
      • ►  May 07 (2)
      • ►  May 06 (1)
    • ►  April (24)
      • ►  Apr 29 (2)
      • ►  Apr 28 (3)
      • ►  Apr 27 (1)
      • ►  Apr 25 (2)
      • ►  Apr 24 (1)
      • ►  Apr 19 (2)
      • ►  Apr 17 (1)
      • ►  Apr 15 (1)
      • ►  Apr 12 (2)
      • ►  Apr 10 (2)
      • ►  Apr 07 (1)
      • ►  Apr 05 (1)
      • ►  Apr 04 (1)
      • ►  Apr 03 (2)
      • ►  Apr 02 (1)
      • ►  Apr 01 (1)
    • ►  March (253)
      • ►  Mar 31 (2)
      • ►  Mar 30 (1)
      • ►  Mar 29 (1)
      • ►  Mar 27 (2)
      • ►  Mar 26 (3)
      • ►  Mar 25 (2)
      • ►  Mar 24 (5)
      • ►  Mar 23 (3)
      • ►  Mar 22 (3)
      • ►  Mar 20 (4)
      • ►  Mar 17 (34)
      • ►  Mar 16 (193)

My Blog List

  • စိတ်၏ဖြေရာ
    ရွေးကောက်ပွဲ
    13 years ago
  • လင်းလဲ့ဦး
    YouTube Downloader
    15 years ago
  • Ogre

ကြိုက်တာအော်

free counters

Followers

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!

Design by wordpresstemplate.
Blogger Templates by Blogger Template Place | supported by One-4-All
Back to top