ငါဟာ….
တေလေတစ်ယောက်လို ရွက်လွှင့်ရင်း
ရာသီတစ်ခါ လည်ပါတ်လို့
မေ့လို့မရတဲ့ ဒဏ်ရာနဲ့
အသစ်တဖန် ပြန်လည်ရင်းနှီးခဲ့ပြန်ပြီလေ။
တအုံအုံ တနွေးနွေးနဲ့
ညာဘက်ရင်ဘတ်နဲ့ ကပ်လျက်အခန်းမှာ
မွှေးခဲ့တဲ့မီးက အခုထက်ထိ
လောင်ကျွမ်းနေတုန်းပဲ
ငါစိုက်ခဲ့တဲ့ နှင်းဆီပင်မှာ
ဖွင့်မပြောဖြစ်တဲ-
စကားတွေ ပွင့်ခဲ့တယ်……
ငါယုံကြည်ခဲ့တဲ့ အနာဂတ်မှာ
အရှုံးတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ်
ကောင်မလေးရေ….
အချစ်ကံခေသူပါလို့ ပြောရမလား
တခါမှ အရောင်မစွန်းထင်ခဲ့တဲ့
ကိုယ်ကျင့်တရားကို မင်း
ဘာကြောင့် မယုံကြည်ခဲ့တာလဲ
မတူညီတဲ့ အရာတွေကြားက
ရှင်သန်ခွင့်မရတဲ့ ငါ့အချစ်အတွက်
တစ်ခွန်းတည်းပဲ ပြောမယ်
မင်း……မှန်ပါတယ်
အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက်
ငါဆုံးရှုံးခဲ့ရတာ မင်းရဲ့အချစ်
ဒါဟာ….ငါ့ဘ၀ကျဆုံးခြင်းရဲ့
ကံကြမ္မာလား……….
အချစ်ဆိုတာ ထိုက်တန်မှ
ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာပါ
ကောင်မလေးရယ်……
ငါဟာ မင်းအတွက်
ဘာမှမဟုတ်ခဲ့တဲ့ကောင်ပါ
ဒါပေမဲ့
ငါတကယ်ဖြူစင်ခဲ့တာကို
မင်းယုံကြည်တယ်ဆို ရင်….
ငါ…..ကျေနပ်မိပါပြီ-
ခါးသီးတဲ့ ဒီဝေဒနာတွေ
တနင့်တပိုးနဲ့ ဘ၀ကို
ငါ………………
ဆက်လက်ရှင်သန်နေမယ်
0 comments