Demo Blog
Showing posts with label ခံစားမှုလေးများ. Show all posts
Showing posts with label ခံစားမှုလေးများ. Show all posts

နောက်ဆုံးဆုတောင်း

by ရာမညတိုင်းသား on Nov.22, 2009, under

တခါတလေတော့လည်းကွာ
တွေးရဆွေးရတာခက်တော့အခက်သား
ငါအခုကဗျာတွေရေးနေတယ်
ဒါတွေက အတွေးတွေပေါ်လာလို့များ
ငါရေးချင်တာတွေကို ရေးနေတယ်လို့
မင်းထင်နေမလားမသိဘူးနော်...
ဒါတွေက ငါ့ရင်ကခံစားချက်တွေကို
မင်းသိရှိစေဖို့ရေးနေတာတွေပါကွာ..။

ငွေလရောင်အောက်က
ငါအလွန်ချစ်ခင်ခဲ့ရတဲ့
တခုတည်းသော မင်း မျက်နှာလေး
ငါ့ အရှေ့မှာ ကြယ်စင်တွေနဲ့အတူ လှပခဲ့ဖူးလေရဲ့
အဲ့အလှတွေကို ငါပြန်လည်တမ်းတမိတယ်ကွာ.။

မြစ်တစ်စင်းကို နှစ်ယောက်အတူ
ဖြတ်ခဲ့တုန်းကတော့ပျော်လို့ပေါ့
ခုတော့လည်း ငါ့အဖြစ်နဲ့ငါ
မင်းလည်း မင်းအဖြစ်နဲ့မင်း
မင်းကတော့ဘာကျန်မလဲမသိဘူး
ငါကတော့ မင်းနဲ့ပါတ်သတ်တဲ့
သံယောဇဉ် သံစဉ်တွေ နဲ့
ကဗျာတွေပဲ ကျန်တယ်.။

တစ်ယောက်တည်းရှိတော့တဲ့ငါ
အဖေါ်မဲ့နေသလိုပဲ
နံဘေးက ရှိနေတဲ့ ကမ္ဘာကြီးကလည်း ငြိမ်သက်လို့
အဲ့ချိန်မှာ ငါသိလိုက်တာတစ်ခု
ငါ့နှလုံးသားတစ်ချို့ စုတ်ရိကြေမွသွားပီဆိုတာကိုပေါ့..။

မင်းလည်းမမှားပါဘူး
အဲ့လိုပဲ ငါလည်းမမှားပါဘူး
ချစ်မိတဲ့ နှလုံးသားတွေလည်းအပြစ်မရှိဘူး
ဘယ်သူတရားခံ ဘယ်သူတရားလိုဆိုတာ
ပြောမရတဲ့အခြေနေမှာ
မင်းအတွက်ငါ့..တောင်းဆုချွေပေးလိုက်ပါတယ်
ငါချစ်ခဲ့ဖူးတဲ့ မင်း...ပျော်ရွှင်နေပါစေလို့..။
0 comments more...

တွယ်နှောင်မိတဲ့ သံယောဇဉ်

by ရာမညတိုင်းသား on Nov.22, 2009, under

ငါတို့ တွေ ချစ်ခဲ့ကြဖူးတယ်
အချိန်ဆိုတာကလည်းကွာ
တိုတိုလေးပါပဲလား
အဲ့ဒီအချိန်တိုလေးမှာ မင်း နဲ့ငါ
အတူတူ ပျော်ရွှင်ကြည်နူးခဲ့ကြတယ်
သြော် . ခုတော့လည်း ဒါဟာ အိပ် မက်များလား..။

မင်းကို ငါချစ်ခဲ့ပါတယ်
အဲ့လိုပဲ မင်းလည်း
ငါ့ကိုချစ်ခဲ့မယ်လို့ ငါယုံကြည်နေတယ်
ငါတို့ ချစ်ခဲ့ကြတဲ့ အချိန်လေးမှာ
မင်းဘက်က ဘာတွေပါမလဲ
ဟန်ဆောင်မှုတွေလား ?

ငယ်ငယ်က သင်ဖူးလေရဲ့
ပုရွက်ဆိတ် နဲ့ နှံကောင်တဲ့
ငါ့ဘက်ကတော့ ပုရွတ်ဆိတ် တစ်ကောင်လိုပါပဲ.
အချိန်တိုင်း ပုရွက်ဆိတ်က အစာရှာသလို
ငါကလည်း မင်းနဲ့ချစ်တဲ့အချိန်မှာ
မင်းကို ငါ့ရဲ့ အချစ်တွေကို အချိန် တိုင်းပေးခဲ့သူပါကွာ..။

တကယ်လို့သာ သံယောဇဉ်တွေ
လွယ်လွယ်နဲ့သာ ပျက်ပြယ်သွားခဲ့ကြမယ်ဆိုရင်
ဒီကမ္ဘာမှာ
သံယောဇဉ်ဆိုတဲ့ စကားဟာ
ပေါ်လာမှာတောင်မဟုတ်ဖူး
ငါ့အပေါ်ထားချင်တဲ့
မင်းရဲ့ သံယောဇဉ် မရှိတော့ပေမယ့်
မင်းအတွက်တော့ ငါ့ ရင်ထဲမှာ ထင်ကျန်နေဆဲပါပဲ..။
0 comments more...

သိစေချင်သည်

by ရာမညတိုင်းသား on Nov.22, 2009, under

ကာလရာသီ ဘယ်လိုပင်ပြောင်းလဲပါစေ
ငါ့ရဲ့ နှလုံးအိမ်နဲ့ ငါ့ရဲ့ ဖြတ်သန်းနေရတဲ့
ဥတုရာသီတွေ မှာ တော့
မင်းမျက်နှာကအမြဲထင်ဟပ်နေဆဲပါ..။

ငါ့စိတ်ထဲက စွဲလမ်းနေတဲ့ ပုံရိပ်
အရိပ်မြင်လိုက်တိုင်း
ငါ့ရင်တွေ အလိုလို ခုန်ခုန်နေတာလေ
ငါလိုက်ရှာနေဆဲပဲ
ငါ့ရဲ့ ရင်ခုန်စရာ ပုံရိပ်လွှာကိုပေါ့.။

ဘယ်ဆီကိုငါသွားကမလဲ
ဘယ်နားမှာငါနေကမလဲ
မင်းနဲ့ငါဘယ်လောက်ထိအောင်ဝေးနေပီလဲကွာ
ဒါပေမယ့် ဘယ်နေရာကိုရောက်ရောက်
အမြဲတမ်း ငါသတိတရရှိနေတာ မင်းပါ။

နေ့ဘက်မှာ နေမင်းကထွက်တယ်
ညဘက်မှာ လကထွက်မယ်
ကြယ်လေးတွေတောင်အဆစ်ပါလို့
ငါ့မှာကျ နေမထွက် လမထွက်ပဲ
ဘာလို့များ မိုးတွေအုံ့နေကတာလဲ
အဲ့ဒီမိုးတွေ ငါ့ပေါ်ဘယ်တော့များရွာသွန်းမှာလဲ
မိုးစက်တွေနဲ့ အတူ မင်းရဲ့
ငါမတောင်းဆိုဝံ့သောအရာများသာ
ပြန်လည်ကျလာခဲ့ရင်ဖြင့်...။
0 comments more...

လွန်လေပြီးသောငါ့ရဲ့ဝေဒနာတစ်ပုဒ်

by ရာမညတိုင်းသား on Nov.22, 2009, under

မင်းကြောင့်တောက်ပခဲ့ရတဲ့
ငါ့ရဲ့ တစ်ညနေလေးဟာ
ခုတော့လည်း မင်းကြောင့်ပါပဲ
ပြန်လည်ပျောက်ရှသွားခဲ့ရပါကောလား.။

ကောင်းကင်ကြီးတောင်မှပဲ
အရောင်အမျိုးမျိုးပြောင်းတတ်သေးတာ
မင်းလိုလူကပြောင်းသွားတာကို..
ငါဘာလို့များ လွမ်းဆွတ်နေမိတာပါလိမ့်...။

ငါ့ရဲ့အနာဂတ်လမ်းလေးတစ်ခု
ခုတော့လည်း မင်းရဲ့ အမုန်းတွေသင့်ပီးတော့
လောင်မြိုက်နေတာ မင်းမသိလေရော့လား
ဘယ်အငြိုးတွေကြောင့်များ
မင်းငါ့ကိုအမုန်းတွေနဲ့ ပစ်လွတ်နေကတာလဲ..။

ငါပြန်ပြန်တွေးကြည့်မိပါတယ်.
တကယ်ပါပဲ ငါကဘာလို့များမှ
မမြင်ကတဲ့ ကြိုးတန်းပေါ်သွားပီးကနေတာလဲ
သီချင်းလေးတွေတောင်ဆိုးညည်းလို့လေ
မင်းတောင် နားထောင်ခဲ့သေးတယ်နော်..။

သြော်..ခုတော့လည်း
မင်းရဲ့ ခပ်အက်အက် အနမ်းတချို့ကို
ရူးမိုက်မိခဲ့တဲ့ ငါသာ
အလွမ်းတွေနဲ့မျက်နှာသစ်နေရပီပေါ့ကွာ...။
0 comments more...

ဖြူစင်နေဆဲ

by ရာမညတိုင်းသား on Nov.22, 2009, under

ကန္တာရတွင်းမှာ ငါတစ်ယောက်တည်းရယ်
နောက် တောထဲမှာ လည်းလမ်းပျောက်နေလေရဲ့
နွား ကျောင်းသားတွေက နွားပျောက် ရင်လိုက်ရှာသလို
ငါကလည်း အချစ်ပျောက်လို့ လိုက်ရှာနေတာပါကွာ .
သူကတောထဲမှာ မျက်စေ့လည်နေတယ် သူ့နွားလေးအတွက်
ငါကတော့ ငါ့နှလုံးသားအတွက် အချစ်နွံထဲမှာ.။

နွားကျောင်းသားက ရှားရင်းနဲ့ သူ့နွားလေးကို
ပြန်တွေ့ကောင်းတွေ့နိုင်သေးတယ်ကွာ
ငါကတော့ ပြန်တွေ့နိုင်ပါ့တော့မလားမသိဖူး
ငါပြန်တွေ့မယ့် နောက်ဆုံးနေ့အထိ
ငါဆက်ရှာနေမှာပါကွာ .ငါ့နှလုံးသားအတွက် ..။

နောက်ကျောကိုဓါးနဲ့ ထိုးချင်ထိုးပါ
ငါ့နှလုံးသားကိုတော့ ချမ်းသာရာပေးလိုက်ပါ.ကွာ
ဘာလို့ လည်းဆိုတော့
မင်းကိုချစ်နေတဲ့ ငါ့နှလုံးသားလေး
ငါ့သွေးတွေနဲ့ ညစ်ပတ်ကုန်မှာ ငါမလိုလားလို့ပါကွာ .။

တွေးမိလာတိုင်း မျက်ရည်တော့မ၀ိုင်းမိပါဖူး
သတိရမိတာတော့အကြိမ်ကြိမ်ပဲ
ဒဏ်ရာတွေ ဗလပွနဲ့ ငါ့ကိုယ်ပေါ်မှာ
ဓါးချက်တွေ ဘယ်လောက်များများ
ငါ့နှလုံးသားကတော့ မင်းအတွက် ဖြူစင်နေဆဲပါပဲကွာ..။
0 comments more...

မျက်ရည်တမ်းချင်း

by ရာမညတိုင်းသား on Nov.22, 2009, under

ရင်မှာတွယ်တာပီးမှ
မေ့လို့ရမတဲ့လားကွာ
ငါ့မာနတွေကိုတောင်
မင်းရှေ့မှာ
ငါခ၀ါချခဲ့တာ အခါခါပေါ့.။

ငါ့စိတ်တွေကို
ငါကိုယ်တိုင်းအတင်းရွှေ့လျားခိုင်းချင်မိပါရဲ့
မေ့ထားရုံနဲ့ ရမယ်သာဆိုရင်
ငါမင်းကိုမေ့ထားကြည့်ချင်တယ်
တကယ်မေ့သွားမယ်ဆိုရင်ပေါ့..
ငါမင်းကိုမမေ့မမုန်းနိုင်ဘူး....တစ်နေ့လုံးပေါ့ ။

ငါ့စိတ်တွေကို မင်းယူငင်ခေါ်ဆောင်ရာနောက်မှာ
လိုက်နေခဲ့မိလေရဲ့
ငါ့ ရင်တွင်းမှာ မင်းအတွက်
ရင်းတွင်းနှေင်ဖွဲ့ သံတွေကို
ငါတွန်းလှန်နေရင်းနဲ့ပဲ
ငါ နစ်မြုတ်နေပီ
မင်းရဲ့မာယာမြစ်ထဲမှာပေါ့ ...။

ငါ့စိတ်တွေ နေ့ရောညရောမပျော်ဖူး ကွာ
မင်းကိုမေ့မရလို့ထင်ပါရဲ့
ငါ့ရဲ့အကြင်နာအရီပ်တွေ
ငါ့ရဲ့အလွမ်းစိတ်တွေကို
မင်းမြင်သာမယ်ထင်ပါရဲ့ ..
မမြင်လှည့်ခဲ့ဖူးဆိုရင်လည်း
ငါရဲ့ နှလုံးသား ထဲ ကမျက်ရည်တွေကိုတော့
မင်းမြင်သားတဲ့အထိ
ငါစောင့်ပီးပြနေရတော့မှာပေါ့ကွာ..။
0 comments more...

ကောင်မလေး........သို့........

by ရာမညတိုင်းသား on Nov.22, 2009, under

ငါဟာ….
တေလေတစ်ယောက်လို ရွက်လွှင့်ရင်း
ရာသီတစ်ခါ လည်ပါတ်လို့
မေ့လို့မရတဲ့ ဒဏ်ရာနဲ့
အသစ်တဖန် ပြန်လည်ရင်းနှီးခဲ့ပြန်ပြီလေ။

တအုံအုံ တနွေးနွေးနဲ့
ညာဘက်ရင်ဘတ်နဲ့ ကပ်လျက်အခန်းမှာ
မွှေးခဲ့တဲ့မီးက အခုထက်ထိ
လောင်ကျွမ်းနေတုန်းပဲ

ငါစိုက်ခဲ့တဲ့ နှင်းဆီပင်မှာ
ဖွင့်မပြောဖြစ်တဲ-
စကားတွေ ပွင့်ခဲ့တယ်……
ငါယုံကြည်ခဲ့တဲ့ အနာဂတ်မှာ
အရှုံးတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ်

ကောင်မလေးရေ….
အချစ်ကံခေသူပါလို့ ပြောရမလား
တခါမှ အရောင်မစွန်းထင်ခဲ့တဲ့
ကိုယ်ကျင့်တရားကို မင်း
ဘာကြောင့် မယုံကြည်ခဲ့တာလဲ

မတူညီတဲ့ အရာတွေကြားက
ရှင်သန်ခွင့်မရတဲ့ ငါ့အချစ်အတွက်
တစ်ခွန်းတည်းပဲ ပြောမယ်
မင်း……မှန်ပါတယ်

အမှတ်တမဲ့ ပြုမိတဲ့ အမှားအတွက်
ငါဆုံးရှုံးခဲ့ရတာ မင်းရဲ့အချစ်
ဒါဟာ….ငါ့ဘ၀ကျဆုံးခြင်းရဲ့
ကံကြမ္မာလား……….

အချစ်ဆိုတာ ထိုက်တန်မှ
ပိုင်ဆိုင်ခွင့်ရှိတဲ့ အရာပါ
ကောင်မလေးရယ်……
ငါဟာ မင်းအတွက်
ဘာမှမဟုတ်ခဲ့တဲ့ကောင်ပါ
ဒါပေမဲ့
ငါတကယ်ဖြူစင်ခဲ့တာကို
မင်းယုံကြည်တယ်ဆို ရင်….
ငါ…..ကျေနပ်မိပါပြီ-

ခါးသီးတဲ့ ဒီဝေဒနာတွေ
တနင့်တပိုးနဲ့ ဘ၀ကို
ငါ………………
ဆက်လက်ရှင်သန်နေမယ်
0 comments more...

အလွမ်းနေ့စွဲ

by ရာမညတိုင်းသား on Nov.22, 2009, under

သတိရတိုင်း...ပြန်ဆုံဘို့ ပဲ..
အတွေးရှိနေတဲ့..စက္ကန့်တိုင်း...လေ
ခုလိုအပျော်တွေများနေတဲ့....နှစ်တနှစ်တွက်..
ချစ်သူရယ်..သတိတရ..လွမ်းရတိုင်း...
ငါတယောက်တည်း...ထီးကျန်လွန်းတယ်...
................................................................
အပြင်မှာရွာနေတဲ့....နှစ်ဦးကြိုမိုးတွေ...ကို
ငါ စကားတခွန်းပြောပြချင်တယ်...
ငါကျေနပ်တယ်လို့...
နင့်စိတ်အတွေးထဲမှာကော...ချစ်သူ..
ငါစကားလေးခွန်းလေးမေးချင်တယ်..
ငါအတွေးလေးထဲမှာ...
နင်လိုက်လို့မှီ ပမလား....
................................................................
ပြင်းခြောက်ခြောက်ပူ...ခဲ့တုန်းက ..
ရာသီဥတုထဲမှာလဲ....ကြွေကျလာတဲ့
သစ်ရွက်တွေနဲ့ ..စကားတွေပြောဖြစ်တယ်..
အချိန်တွေကုန်ပါစေ....ငါတို့ ကတိတွေ..
တစိမ်းမဆန်ခဲ့ ပါနဲ့လို့လေ..
.......................................................................
တချိန်ဆိုတာကို...မှန်းဆရင်းလေ..
မမြင်ရတဲ့ အခါ....မေ့တတ်ကြပါတယ်တဲ့...
စိတ်ကူးနဲ့...ရည်မှန်းရင်း..
ချစ်သူ.....နင့်လက်ကလေး..ဆုတ်ကိုင်ရင်း..
ငါ ထွေးပွေ့ထားတယ်.
..............................................
ငါ့ရင်ဘတ်တစ်ခုလုံးမင်းရဲ့ရာသီဥတုဖုံးနေတာလေ
အဆုံးတစ်ဖက်အတွက် ..ရုန်းထွက်ဖို့မစဉ်းစားမိပါဘူး . . .
ဒီတိုက်ခတ်လာမယ့်..လေပြေညှင်းနဲ
ချစ်ခြင်းတွေ အရောင်မှိန်သွားမယ်လို့
ယောင်လို့တောင် မတွေးလိုက်နဲ့ဦး . .
ပြန်မလှည့်တော့မယ့်ခြေလှမ်းနဲ့
ငါမနမ်းဖူးတဲ့..ချစ်သူပါးပြင်လေးတွက်
တွေဝေခြင်းကင်းကင်း
စိတ်ကူးနဲ့...ခွင့်လွှတ်ပါလို့..
ပြောပြရင်းနမ်းမိခဲ့တယ်. . ။ ။ ****
0 comments more...

ရင်ထဲကဒဏ်ရာ

by ရာမညတိုင်းသား on Nov.22, 2009, under

တကယ်တမ်းကျတော့
တစ်ကိုယ်တည်း လွမ်းနေရတာ
ငါပါပဲကွာ....။

တစ်ရက်ကလေးမမြင် တစ်ရက်ကလေးမတွေ့ရဘူးဆိုရင်
ငါ့ကိုမေ့ဖို့ပဲ မင်းကြိုးစားလေမလား ။
မင်း ငါ့ကိုမေ့ဖို့ စိတ်တွေမွေးနေပြီလားကွာ
မင်းကတော့သိပါ့မလား ငါတစ်ကိုယ်တည်းအားငယ်ပူဆွေးနေတာကို။

ငါ့ဆီဝင်လာချင်တဲ့အချိန်မှာ မင်းဝင်လာတယ်
မလာချင်တော့တဲ့ အချိန်ကျတော့ မင်းပြန်သွားတယ်
ငါ့၊ရင်မှာ မင်းနဲ့ပတ်သတ်တဲ့ ကြိုးတွေတွယ်ငင်နေတာ
မင်းအသိဆုံးပါပဲကွာ.......။

ခုတော့ ငါရင်နဲ့မချိအောင်ပူလောင်နေရပြီ
ဒါကို မင်းများမသိဟန်ဆောင်နေမလား
နောက် မင်းအပြုံးတွေက ငါ့ကိုလှောင်ပြောင်နေပြီလား....??

ငါ့မှာတော့မျက်နှာချိုသွေးနေရတာ မင်းများလှည့်ကြည့်လေမလားလို့ပေါ့
စောင့်မျှော်ကာ အထက်ထက်အော်ခေါ်နေမိတာပါ။။။

မင်းကတော့ ပဟေဋ္ဋိတွေ အထက်ထက်ငါ့ကိုပေးနေတယ်ကွာ
ငါ့မှာတော့ရုံစားလို့ ခုတော့လည်း
တစ်ယောက်တည်းရယ် ရင်ထဲမှာကွဲကြေခဲ့ရပေါ့.....။။။။
0 comments more...

သတိရပေးပါ

by ရာမညတိုင်းသား on Nov.22, 2009, under

ကောင်မလေးရေ.........

လွဲမှားနေတဲ့ သံဇဉ်တွေကို

မင်းရင်ထဲက သံယောဇဉ်တွေနဲ့

ပြောင်းပေးလှည့်ပါလား...။

တချို့သောအကြည့်တွေထဲ

နစ်မြောမိတဲ့ အခိုက်မှာ

ညဘက်မှာ တမ်းတရတဲ့

ကောင်းကင်ရဲ့ အလင်း

မင်းရဲ့အကြည့်နဲ့ မလဲနိုင်ခဲ့ဘူး..။

ပြောဖူးတဲ့ စကားတွေထဲ

နစ်မြောနေလောက်အောင်

မင်းကလွဲပြီး

ဘယ်သူမှ မစွဲဆောင်နိုင်ခဲ့ဘူး..။

တိုက်ဆိုင်မှုတွေ မင်းနဲ့တွေ့ခဲ့ရင်

မြူမှုန်လိုေ၀၀ါးတဲ့အတိတ်က

တို့ရဲ့ အတွေးပုံရိပ်တွေကို

မင်း လေဟာနယ်မှာ ရောက်နေတဲ့ချိန်လေး

သတိရပေးပါ။။။
0 comments more...

ရာသီပြောင်းချိန်

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်နှစ်သက်မိတဲ့ ဦးထီး ရဲ့ သီချင်းစာသားလေးပါ.။

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ .. အပြင်ရော အတွင်းရော ဥပါဒ်ဝင် ..
မောင်တစ်ယောက်ထဲဘယ်လို နေရှာမလဲ .. ကြင်နာသူလေးစဉ်းစားနေရင် ..
မြည်သံတိတ်ဆိတ်လို့ .. အသက်မဲ့တဲ့ ရက်တွေမှာ ..
ကိုယ်တစ်ယောက် စိတ်ဖြေသာပြီ ..
ရင်ခုန်သံတိုးတိုးလေး .. ကြားရမယ့်ရက်တွေကို ..
ကိုယ်စောင့်ရကြိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက သူ့ဖ၀ါးနုနုရဲ့
အထိအတွေ့ကို ပြန်အောက်မေ့မိတဲ့ အခါတိုင်း ..
နေပူကြီးထဲမှာ ဒီဘ၀လမ်းခရီးကို ..
လျှောက်လှမ်းဖို့ခန့်မှန်းရင်း စွမ်းအားနဲ့ပြည့် ...

ရွှေပါးပြင် အပ်တုန်းမှာ .. သူ့အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း ..
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့ခန့်မှန်းရင်း စွမ်းအားနဲ့ပြည့် ...

နာနေ၊ဖျားနေရင် ဘယ်သူက .. လာပြီးစောင့်ရှောက်ပေးမလဲဟင် ..
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော် .. လူကြုံနဲ့ စကားလေးပါးလာရင် ..
အနေအထိုင်ဆင်းရဲလို့ စိတ်ညစ်တဲ့ ရက်တွေမှာ ..
ကိုယ်တစ်ယောက် မွေ့လျော်သာပြီ ..
သူကိုယ်တိုင် တယုတယနဲ့ .. ပြုစုမယ့်ရက်တွေကို ..
ကိုယ်စောင့်ရကြိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့
မခို့တရို့လေး ရင်ခွင်ကို ပြေးဝင်တာတွေ ..
အိပ်မက်တော့ မဟုတ်ဘူးရယ် ဆိုတဲ့ အသိလေးနဲ့
နှလုံးသားမှာကြည်နူးမှုလေး ကြွင်းကျန်နေ ...
0 comments more...

ရူးသွပ်နေဆဲ

by ရာမညတိုင်းသား on Nov.22, 2009, under

မိန်းမဆိုးရေ......
မင်းငါ့ကိုညာနေတာလားကွာ.
ငါဆိုတဲ့ ငါကလည်း
ဘာလို့များ မင်း ညာတာတွေကိုမှ
ကျေနပ်မိနေရတာလဲ.
မင်းညာနေတာတွေကို ငါယုံကြည်နေမယ် .
ဒါအမြဲပေါ့.။

မိန်းမဆိုးရေ......
မင်းငါ့ကိုလှည့်စားနေတာလားကွာ.
ငါဆိုတဲ့ငါကလည်း
ဘာလို့များ မင်း လှည့်စားနေတာတွေကိုမှ
ကျေနပ်နေမိခဲ့တာလည်း
မင်းလှည့်စားနေတာတွေကို ငါအပြစ်မယူရက်ဖူး .
ဒါအမြဲပေါ့။

မိန်းမဆိုးရေ...
မင်းငါ့ကိုဟန်ဆောင်နေတာလားကွာ.
ငါဆိုတဲ့ငါကလည်း
ဘာလို့များ မင်း ဟန်ဆောင်တာတွေကိုမှ
ကျေနပ်နေမိခဲ့တာလည်း
မင်းဟန်ဆောင်နေလဲ ငါဆက်ချစ်နေမှာပါ
ဒါအမြဲပေါ့.။

မိန်းမဆိုးရေ.......
မင်းကိုငါ စွန့်လွတ်ဖို့ အခါခါကြိုးစားမိပါရဲ့
ငါဆိုတဲ့ငါကလည်း
ဘာလို့များ မစွန့်လွတ်နိုင်ပဲ
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တာလည်း
ငါမင်းကိုဘယ်တော့မှ စွန့်လွတ်နိုင်မှာမဟုတ်ဘူး
ဒါအမြဲပေါ့ .။

မိန်းမဆိုးရေ.........
အခုတော့ ငါ မင်းအကြောင်းတွေတွေးနေလေရဲ့
သတိရခြင်းတွေနဲ့ပေါ့
ငါ မင်းအမုန်းတွေကိုလည်း
ကြိုဆိုနိုင်ခြင်းရှိမှာမဟုတ်ပါဘူး..
ငါရူးမိုက်နေတာလား
ရင်မှာသိမ်းထားဆဲပဲ
မင်းတွက်ချစ်ခြင်းတွေကို..
ဒါ အမြဲပေါ့.။
0 comments more...

တစ်ခါကတစ်ဘ၀စာ..

by ရာမညတိုင်းသား on Nov.22, 2009, under

မင်းရဲ့အပြုံးတွေပေါ်ကို
ခဏခဏကိုယ်လဲကျ
အိပ်မရတဲ့ညပေါင်းလဲ
မနည်းတော့ပြီ..........၊

ဟန်ဆောင်မှုတွေကို
အရှက်ပြေလေးနဲ့ 
မျက်ရည်နဲ့ အတူမျှောချ
အဓိက ကမင်းကို
မေ့လို့ မရတာပါပဲ.......၊

တမင်သက်သက်လို့ 
မင်းမရည်ရွယ်ခဲ့ပေမယ့်
တကယ်ဆို့ နင့်ရတာကငါပါ
အပြစ်မဖို့ ရက်ခဲ့ ............၊

ကြေကွဲမှုသက်သက်နဲ့ တော့
မင်းကို ငါစွဲချက်မတင်ရက်ပါဘူး
ရူးမူးစွာကြေကွဲရင်းနဲ့ 
ငါဟာ ကွဲကြေခဲ့ရတာပါ......၊

မမြင်ရက်လို့ ပဲဖြစ်ဖြစ်
အကြင်ခက်လို့ ပဲပြစ်ပြစ်
မင်းမချစ်လို့ ထားရစ်ခဲ့တာ
အခုတော့.....တစ်ခါက ဖြစ်သွားပြီပေါ့
ငါ့အတွက်ကတော့ ......
တစ်ဘ၀စာ....။
0 comments more...

အတွေးများစွာ

by ရာမညတိုင်းသား on Nov.22, 2009, under

အိပ်မပျော်တဲ့ညပေါင်းများစွာ
ဘာကြောင့်လဲလို့စဉ်းစားမိတဲ့အခါ
ငါ့အတွေးအိမ်ရှေ့လမ်းမှာက
မင်းဖြတ်လျှောက်သွားတာကိုမြင်လိုက်ရတာပဲကောင်မလေးရေ............
ရင်းနှီးစွဲလမ်းနေတဲ့မင်းပုံရိပ်တွေက
ငါ့မျက်လုံးထဲမှာတော့
လဝန်းမှာယုန်ရုပ်ထင်သလို
ဘယ်တော့မှဖျက်မရတဲ့အမြင်မျိုးနဲ့
ငါ့မျက်ဝန်းမှာစွဲထင်နေမိပြီ ကောင်မလေးရေ.............။
နာကျင်မှုနဲ့ယှဉ်တဲ့သတိရခြင်းတွေ
ရင်မှာဖြစ်တည်ခဲ့ရင်တောင်
အဲ့ဒီနာကျင်မှုတွေကို
ဖျောက်ဖျက်မရဘူးဆိုတာ
မင်းမသိတဲ့ငါ့အကြောင်းတွေထဲက
တစ်စိတ်တစ်ပိုင်းပေါ့..ကောင်မလေးရယ်.............။
0 comments more...

မဆုံးသောအချစ်

by ရာမညတိုင်းသား on Nov.22, 2009, under

ချစ်ရတာကတစ်ရက် လွမ်းရက်ကတော့တစ်ထောင်
ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်တဲ့
ကံကြမ္မာ ပြဌာန်းချက်မှာ
ငါ့တို့ရဲ့ လွမ်းဆွတ်ခြင်းဒဏ်ရာတွေကို
စာမဖွဲ့ချင်တော့ပါဘူး...။
လွမ်းရက်ရှည်နေ့စွဲတွေ ကုန်ခဲ့လေသမျှ
အမြဲထာဝရ ရင်ထဲကမြစ်တစ်စင်းဟာ
ချစ်ခြင်းတွေ အခါခါစီးစဉ်းတယ် ချစ်သူ..
ဆုံစည်းခွင့်ဆိုတာ ဘယ်အခါးများလဲ.?
မျှော်လင့်ချက် အခြေခံဘ၀ပေးတွေ အတွက်
အေးစက်စက်နေ့ရက်တွေအောက်မှာ
မရောက်တမ်း လျှောက်လှမ်းရဦးမယ့်
အလွမ်းခရီးဆုံး ပန်းတိုင်အထိ
ချစ်ခြင်းရဲ့ ခွန်းဖွဲ့ဆိုသံတွေကို
သတိတရ ရှိကြရအောင်ချစ်သူ..။
ဘယ်အရာကိုမှ ငါ ယိုးမယ်မဖွဲ့ချင်ဘူး
အကျိုးအကြောင်းတွေ တည်ရှိနေပြီးသားပဲ
ကံ တရားကစီမံမှာပဲလေ
နေသားကျအောင်တော့ ငါကြံဆောင်ရတော့မှာပေါ့
မြတ်နိုးစွာ နှောင်းရစ်ခံရတဲ့ အချစ်တွေကို
ဘ၀စင်စစ် တစ်ခုထဲကို ခေါ်ဆောင်ဖို့
( ခေတ္တ ) ဝေးနေရတဲ့ အခိုက် အတန့်တွေမှာ
ဘ၀ရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ကြံ့ကြံ့ခံရင်းနဲ့
မျှော်လင်းခြင်း တစ်ခုတည်းနဲ့ အသက်ဆက်
လွမ်းရက်တွေမရပ်တန့်ခဲ့ရင်လည်း
ရှိစေတော့ပေါ့.....ချစ်သူရေ..........။။။
0 comments more...

ချို့တဲ့နေတဲ့ငါ့ညနေခင်းလေး......

by ရာမညတိုင်းသား on Nov.22, 2009, under

ငါ့ညနေခင်းတစ်ခု
ဘာလို့များချိဲု့တဲ့နေတာပါလိမ့် .........
ငါ့ရှေ့မှာရွက်ကြွေ တစ်ချို့
မြေမှာပျံ့ကြဲလို့
မိုးတိမ်တွေကလည်း ငါကြည့်လိုက်ကာမှ
ဘာလို့ပြန့်ကြဲကုန်တာလည်း.
ငါ..လိုက်ရှာကြည့်နေတယ်..
သူတို့တွေကြားထဲမှာများ ငါ့ချစ်သူအငွေ့အသက်လေးများရောက်နေမလားလို့.
ငါငေးမောနေမိတယ်..ဘယ်လောက်ကြာပြီလဲ.....။
ငါတိှု့နှစ်ယောက်ရဲ့အနမ်းခခဲ့တဲ့
နှစ်ကိုယ်တူညတွေကို ငါပြန်တမ်းတမိတယ်
အဲ့ညတွေက ငါ့နားထဲမှာ
တီးတိုးပျံဝဲနေတာက
ငါ့ချစ်သူစကားသံတွေပေါ့.........။။
ငါ့အလွမ်းတွေ....
စက်ကန့်နဲ့အမျှတော့ ငါမလွမ်းခဲ့ရပေမယ့်
ငါ့ရင်ဘက်ကလာတဲ့ ရင်ခုန်နှုန်းတွေနဲ့ ထက်တူတော့
ငါ..မင်းကိုတမ်းတနေပါတယ်..ချစ်သူရယ်..
ငါသိလိုက်ပြီ.
ဘာကြောင့်ငါ့ညနေခင်းလေးချို့တဲ့နေတာလည်းဆိုတာကို...။။။။။
0 comments more...

မြစ်ကျိုးအင်း.

by ရာမညတိုင်းသား on Nov.22, 2009, under

အစိမ်းစိမ်းချိုးခံလိုက်ရတဲ့....ငါ့သစ်ပင်မှာ.....

မျှော်လင့်ချင်းသစ်သီးတွေ...အမှည့်လွန်လို့......

တဖြုတ်ဖြုတ်ကြွေကျ...........................

ဒီတစ်ညတော့.......ငါ..တိတ်ဆိတ်စွာ...လွမ်းပါရစေ.........။

ကောင်မလေးရေ.......ကောင်းကင်ပေါ်က ကျလာမဲ့....ကြိုးတစ်ချောင်းကို...လှမ်းမျှော်တဲ့ငါ့ အတွက်.....

ကျလာတာက....ငါ့လည်ပင်းကိုစွပ်မဲ့ကြိုး........

ခပ်တိုးတိုးတော့...ပြောနေ ကြပေမယ့်...ငါ့နားတွေက.....အသားနုမတတ်သေးဘူ.....။

အဖြူရောင် အရုပ်တွေ.....ကြားမှာ...အလူးလူး အလိမ့်လိမ့် နဲ့....

အသက်ရူမ၀သေးတဲ့...ငါ့နှလုံးသားက..

မင်းရင်ဘက်ကိုပုတ်ခတ်ခဲ့ပေမယ့်............မင်းကိုမြင်ရဖို့တောင်အလှမ်းဝေးလှတယ်....

.ဘာ့ကြောင့်မှန်းမသိပေမယ့်......မင်းအကြောင်းတွေးမိတိုင်း.........

တာရာမင်းဝေ...ရဲ့ စကားတစ်ခွန်းကို.... ငါသတိရမိတယ်.............

(ဖဲမွေ့ယာပေါ်မှာအိပ်မှ မဟုတ်ပါဘူး......

ကျောက်ခင်းလမ်းမှာ အိပ်တဲ့ သူ လည်း...နတ်သမီးအိမ်မက်...ကို မက်ခွင့် ရှိတယ်)......

ငါ့မှာတော့...မြစ်ကျိုးအင်းတွေပြတ်ရွေ့စဲ..........

ရောဂါတတ်နေတဲ့....လမင်းဟာ.....တိမ်တွေကိုဘယ်လိုကုစားပေးမှာလဲ..............

ဒါဆို...ငါ့အိမ်မက်ကော...................

အရောင်တွေဆိုးရမှာလား.......

ကြားလိုက်ရတာက...တံခါးပိတ်သံ..တစ်ချက်......

စက်မသွားတော့တဲ့...နာရီတစ်လုံးလို......

မင်းဟာ......ငါ့အတွေးထဲမှာ အသားကျ လျက်........

စားသားပျက်ခဲ့တဲ့........ကဗျာတစ်ပုဒ်လို.........

အရာရာကို.....မေ့နိုင်အောင်ကြိုးစားရဦးမယ်......................။
0 comments more...

ကြောက်နေတယ်

by ရာမညတိုင်းသား on Nov.22, 2009, under

ဘယ်အရာမှာမဆိုကြောက်တတ်တဲ့ငါက
နေရာတိုင်းမှာ ရှုံးနေခဲ့တယ်....
ဒါပေမဲ့..ဘ၀ပျော်အောင်နေခဲ့တယ်
ငါ့ရဲ့ကြောက်စိတ်တွေကိုဖုံးကွယ်ပြီး
မကြောက်ချင်ယောင်ဆောင်ခဲ့တယ်။

ဟန်ဆောင်မှုကကြာရှည်မခံဘူး...
ခု..ငါ့ကြောက်စိတ်တွေပြန်ပေါ်လာပြီ။
ဒါပေမဲ့..ငါ့နားမှာတစ်ယောက်မှမရှိဘူး။
ခင်မင်ရတဲ့လူတွေကဘယ်တွေရောက်နေကြလဲ..........

သူတို့အားငယ်နေချိန်မှာ ငါအားပေးခဲ့တယ်
ငါ့အလှည့်ကြတော့တစ်ယောက်မှမရှိဘူး။
ခု........ရှေ့ဆက်ရမဲ့လမ်းမှာတော့ငါကြောက်နေလို့မဖြစ်တော့ဘူး။
ဘယ်သူမှမရှိလဲနေတတ်အောင် သင်ပေးကြပါ။
0 comments more...

လရောင်ငတ်သူ

by ရာမညတိုင်းသား on Nov.22, 2009, under

အစကတည်းက တစ်ခုလုံးပေးမှ

တစ်ဝက်ပဲရမယ်ဆိုရင်

ဘာတစ်ခုမှ လိုချင်မိမှာ မဟုတ်ဖူး

လက်တွေ့မှာ

ရခဲ့ဖူးတာရေတွက်

အားလုံးတစ်ဝက်ချည်းပါပဲ

အစအဆုံး

တစ်ခုလုံးရဖို့

ဘယ်နှစ်ခုပေးရမလဲဟင်

တကယ်ပါ . . . စိတ်ထဲမှာထင်မိတယ်

လူဆိုတာ . . . တစ်ခါတခါ

ရေဆာမပြေတဲ့ မြစ်တစ်ဆင်းလဲ ဖြစ်နေနိုင်တာပဲနော်

ယုံတတ်မယ်ဆိုရင်လေ . . . ပြောပြချင်ပါတယ် . . .

လရောက်ငတ်တဲ့လူတစ်ယောက်

ကဘာမြေကြီးအောက်မှာ (အမှန်တကယ်)

တကယ် ရှိနေပါတယ်ကွာ . . .
0 comments more...

Diary ထဲကအချစ်

by ရာမညတိုင်းသား on Nov.22, 2009, under

ဘ၀တစ်ခုလုံး ငါပုံပေးခဲ့ပီးသားပါ

အလွမ်းတွေခမ်းနားနေတာ

ငါ့အတွက်တော့ မဆန်းတော့ဘူး

သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါကြတော့

ခွဲခွာချိန်ဆိုတဲ့ အချိန်လေးဟာ

ငါတို့ နှစ်ယောက်ချစ်ခဲ့တဲ့ ချစ်ခြင်းတွေရဲ့

ဇတ်ရှိန်အမြင့်ဆုံး ဇတ်ကွက်တွေလေး....။

မဝေးခဲ့ရင်ကောင်းမှာပဲလို့

ငါဆန္ဒရှိခဲ့တယ်

ဒါပေမယ့် ငါတို့အချစ်တွေက

မသေမှမသေသေးပဲ

ငါတိုနှစ်ယောက်ရင်ထဲမှာ

တစ်ဦးစီရဲ့ ချစ်ချင်းတွေကို

ပိုင်ဆိုင်နေကြသေးတယ်လေး....။

ကောင်းကင်တစ်ခုတည်းအောက်မှာ

တည်ရှိနေကြရင်းနဲ့

တစ်ယောက်တစ်နေရာစီနေကြရင်း

တငွေ့ငွေ့လောင်ကျွမ်းရင်းနဲ့

ဆက်ချစ်ကြတာပေါ့..။
0 comments more...

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!