ဘယ်သူမဆို Run Box ကနေပီးတော့ မိမိအသုံးပြုလိုတဲ့ Program တွေကို ခေါ်ယူအသုံးပြုတာဟာ အလျှင်မြန်ဆုံးနည်းလမ်း
တစ်ခုဖြစ်ပါတယ်။ Run Box ဟာ မိမိတစ်ခါရိုက်ထားခဲ့ပီးသား commands တွေကို သိမ်းထားပေးပါတယ်။ ဒုတိယ တစ်ကြိမ်
ပြန်လည်ဝင်ရောက်အသုံးပြုတဲ့အခါမှာ လွယ်ကူစွာနဲ့ ပဲ ထုတ်ယူသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် Run Box မှာ မိမိ အစဉ်အမြဲ
အသုံးပြုရန်လိုသော Commands နဲ့ အသုံးပြုရန်မလိုအပ်တဲ့ Commands တွေ ဟာ အမြဲရောထွေးနေတတ်ပါတယ်..။
အဲ့လိုအခြေနေမျိုးမှာ တစ်ခါတစ်လေမှအသုံးပြုတတ်တဲ့ commands တွေကို ဖျက်ထားချင်တယ်ဆိုရင်တော့
အောက်ကနည်းလေးနဲ့စမ်းကြည့်ပါလို့တိုက်တွန်းပါရစေ။
1. Run ထဲမှာ Regedit လို့ ရိုက်ပီး Enter ခေါက်ပါ။ Registry Editor Box ကျလာပါလိမ့်မယ်။
2. HEKY_CURENT-USER ကို Click ပေးပါ။
3. HEKY_CURENT-USER မှ Software ကို Click ပေးပါ။
4. Software ကမှ Microsoft ကို Click ပေးပါ။
5. Microsoft မှ Windows ကို Click ပေးပါ.။
6. Windows မှ CurrentVersion ကို Click ပေးပါ။
7. CurrentVersion မှ Explorer ကို Click ပေးပါ။
8. Explorer မှ RunMRU ကိုသွားပါ။ သူ့ရဲ့ ညာဘက်မှာရှိတဲ့ Data တွေ ထဲကမှ မိမိ အသုံးမလိုတဲ့ Commands တွေကို
R-Click ထောက်ပီး Delete သို့မဟုတ် Remove ဖြင့် ဖယ်ထုတ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ရပါပီ။ ပီးရင်တော့ Restart ပေါ့။
အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်....
0 comments