မဖျောက်ခင် အရင်ဆုံး သူငယ်ချင်း ညီကို မောင်နှစ်မတွေရဲ့ Control Panel လေးထဲမှာ ကြည့်ကြည့်ပါဦး။
အောက်က ပုံလေးပါလားဆိုတာကို။
အခု ကျွန်တော် အပေါ်မှာ ပြထားတဲ့ အပုံလေးကို ဖျောက်မှာ ပါ။
လိုက်လုပ်ကြည့်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
စပီးတော့ ဖျောက်ကြရအောင်ဗျာ..
ထုံစံအတိုင်း Run ထဲမှာ Regedit လို့ ရိုက်ခေါ်လိုက်ပါ။ Registry Editor ထဲကိုရောက်ပါမယ်.။
ပီးရင်တော့ နောက်တစ်ဆင့်ဆက်သွားလိုက်ပါ.။
HKEY_CURRENT_USER အောက်မှာ ရှိတဲ့ Control Panel ထဲမှာ ရှိတဲ့ don't load ဆိုတာလေးကို
ရှာလိုက်ပါ။ တွေ့ပီဆိုရင်တော့ အောက်ကအတိုင်းပဲ ဆက်သွားလိုက်ပါ။
ပုံမှာ ပြထားတဲ့အတိုင်းပဲ New ကနေ String Value ကိုယူလိုက်ပါ။
ရလာတဲ့ String Value လေးကို အောက်မှာ ပြထားတဲ့ ပုံ အတိုင်း Rename လေးပြောင်းပေးလိုက်ပါ။
Rename ကိုတော့ joy.cpl ဆိုပီးပေးလိုက်ပါ။ ပီးရင်တော့ Modify နဲ့ ဖွင့်လိုက်ပါ။
သူနဲ့ဆိုင်တဲ့ Box လေး အောက်ကအတိုင်းကျလာပါလိမ့်မယ် ။
ကျလာပီဆိုတာနဲ့ Value Data နေရာလေးမှာ အောက်ကအတိုင်း NO လို့ ပေးလိုက်ပါ။
ပီးရင်တော့ Ok ပေးလိုက်ပါ။
အားလုံးပီးပီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Control Panel လေးကို ဖွင့်လိုက်ပါ ။
ပီးရင်တော့ အဲ့ထဲမှာ Refresh ပေးလိုက်ပါ။
Game Controller System Icon လေး ပျောက်နေတာကို မြင်ကမှာပါ။
ကျေးဇူးတင်ပါတယ်...
အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. နောက်တစ်ခါလာလည်ပါဦးလို့
0 comments