တခါတလေမှ ကြုံတတ်တယ်ဆိုပေမယ့် ကြုံတဲ့အခါကျရင် တကယ်ပါ
ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူးဗျာ
သူငယ်ချင်းတစ်ယောက်စက်ထဲမှာဖြစ်တာပါ
Disk Defragment လုပ်လို့မရဘူးဖြစ်နေတယ်
ဒါနဲ့ ရှာကတော့တာပေါ့ အားထားစရာ Google မှာ
သွားတွေ့တာအဲ့မှာ ။ တကယ်လို့များ အလားတူဖြစ်ခဲ့တဲ့
သူငယ်ချင်းများရှိရင် ဒီနည်းလေးနဲ့ ဖြေရှင်းနိုင်ပါတယ်
Run ကနေပီးတော့ %WinDir%\Inf ဆိုပီးတော့ ခေါ်လိုက်ပါ
သူနဲ့ ဆိုင်တာလေးကျလာပါလိမ့်မယ် ။ အဲ့ဒီထဲမှာ ကျွန်တော်တို့
dfrg.inf ဆိုတာလေးကို ရှာလိုက်ပါ ။ တွေ့ပီဆိုရင်တော့
Right Click ပေးပီးတော့ Install လုပ်လိုက်ပါ
ပီးရင်တော့ Defragment လုပ်လို့ရသွားပါပီ
အဆင်ပြေပါစေလို့..
0 comments