Demo Blog

အထီးကျန်ဆန်ဆဲ

by ရာမညတိုင်းသား on Nov.22, 2009, under

ငါ့နှလုံးသားကို

ငါတံခါးဖွင့်ထားချင်တယ်

ဒါပေမယ့်မဆိုင်သူတွေတော့

ဝင်လာမှာစိုးရိမ်မိပါရဲ့ကွာ...။

ငါ့အတ္တကို

ငါဖယ်ထားချင်ပါတယ်

ဒါပေမယ့် ငါ့မာနကိုတော့

ထိပါးမှာစိုးရိမ်မိပါရဲ့ကွာ..။

ချစ်ခြင်းတရာကိုတော့

ငါတွေ့ဆုံချင်မိပါတယ်

ဒါပေမယ့် ငါကြောက်နေတယ်

အမုန်းတရားနဲ့ရင်ဆိုင်ရမှာကို..။

ကောင်မလေးရေး...

ဒီလိုနဲ့ ငါဟာ

တစ်ယောက်တည်း

အထီးကျန်ဆန်နေခဲ့တာပါ။

ခုတော့ဖြစ်ချင်ရာဖြစ်

ငါအားတင်းပီးတော့

ဖွင့်ပြောလိုက်ပါ့မယ်

အင်း.........မေ့လိုက်တော့.။။။။။။။။။။။။
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!