Demo Blog
Showing posts with label Group Policy နဲ့ Registry. Show all posts
Showing posts with label Group Policy နဲ့ Registry. Show all posts

Win32 Services Error ကိုဖြေရှင်းခြင်း

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်ကတော့ Registry နဲ့ Group Policy ကနေပီးတော့ ဘယ်လိုဖြေရှင်းလို့ရတယ်ဆိုတာကိုဆွေးနွေးမှာပါ..၊

မသိသေးသော သူငယ်ချင်းများအတွက်ပါ...။ ဒီ Error က မကြာခနဆိုသလို တွေ့ကြုံကတဲ့ Error တစ်ခုပါ..။



ဖြေရှင်းပုံကတော့ 1 နဲ့ 2 နဲ့ ပေါ့..။ 1 ကတော့ Registry ကနေပေါ့..။

1. Win32 Services Error ( Registry ဖြင့် ဖြေရှင်းနည်း)

အရင်ဆုံး Run ကို သွားလိုက်ပါ..။ ပီးရင်တော့ Regedit ကနေ ဖြေရှင်းမှာ ဖြစ်လို့ Regedit လို့ ရေးလိုက်ပါ..။

ပီးရင်တော့ Enter ပေါ့..။ ဒါဆိုရင် ကျွန်တော်တို့ Registry Editor ထဲကိုရောက်ပါတယ်..။ ရောက်ပီဆိုရင်တော့

ကျွန်တော်အောက်မှာ ပြထားတဲ့ Navigate တွေအတိုင်း တစ်ဆင့်ချင်း သွားလိုက်ပါ..။

HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Services >> Browser >> Parameters


ပီးရင်တော့ သူ့ညာဘက်မှာ IsDomainMaster ဆို တဲ့ key ကို ရှာလိုက်ပါ..။

တွေ့ပီဆိုရင်တော့ သူ့ကို Modify နဲ့ ဖွင့်လိုက်ပါ..။ Value တန်ဖိုးနေရာမှာ False လို့ ပြောင်းပေးလိုက်ပါ..။

ပီးရင်တော့ Apply / OK ပေါ့ ..။ အားလုံးပီးရင် တော့ Restart ချပေးလိုက်ပါ..။

ဒါဆိုရပါပီ..။

2..။ Win32 Services Error ( Group Policy ဖြင့် ဖြေရှင်းနည်း)

ကျွန်တော် အောက်မှာ ဖေါ်ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းသွားလိုက်ပါ..။

run> gpedit.msc>adminstrative template>system>error reporting

ပီးရင် သူ့ညာဘက် Setting ထဲမှာ Advanced Error Reporting System ကို Double Click နဲ့ဖွင့်လိုက်ပါ..။



ပီးရင် ကျွန်တော် အောက်ပုံမှာ ပြထားတဲ့ အတိုင်း

Default Application reporting settings ကို Double Click နဲ့ ဖွင့်ပီးတော့ Enable ပြောင်းပေးလိုက်ပါ..။

နောက်ပီးတော့ Default မှာ Do not report any application errors ဆိုတာကို ရွေးပေးလိုက်ပါ.။



နောက်ပီးတော့ Report operating system error နဲ့ Report unplanned shutdown events တို့ကို

Enable ပြောင်းပေးပါ..။ ပီးရင်တော့ Advanced Error Reporting System ရဲ့အောက်မှာရှိတဲ့

Display error notification နဲ့ Configure Error Reporting တို့ကိုလည်း Enable တွေပြောင်းပေးလိုက်ပါ..။

ဒါဆိုရပါပီ..။

ကျေးဇူုးတင်ပါတယ် ..အဆင်ပြေပါစေလို့ ဆုတောင်းလျက်...
pika15
0 comments more...

Task Manager Error ကို ဘယ်လိုပြင်ဆင်မလဲ

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်ပြောချင်တာကဗျာ Task Manager ကို ခေါ်လိုက်တဲ့ အချိန်မှာ

Task Manager has been disabled by the Administrator ဆိုပီးတော့ ပေါ်လာတယ်ဗျာ

အဲ့ဒါကိုဖြေရှင်းတဲ့နည်းလမ်းပါ

နည်းတွေကတော့ရှိမှာပါ ကျွန်တော်ကတော့ နည်းနှစ်နည်းပဲ သိတယ်

သိပီးသားတွေလည်းဖြစ်ချင်ဖြစ်မယ် မသိသေးတာလည်းဖြစ်ချင်ဖြစ်မယ်

သိပီးသားသူငယ်ချင်းတွေက မသိသေးတာတွေကို သူ့ကိုကျော်ပီးတော့

ဆက်လက်ဖက်ရှုနိုင်ပါတယ် မသိသေးတဲ့သူငယ်ချင်းတွေကလည်း

သိရှိသွားအောင်ဖတ်ပေး စေလို့ပါတယ်။

နည်းလမ်း ( ၁)

နည်းလမ်း တစ် ကတော့ Group Policy Editor ကနေပီးတော့ သွားရောက်ပြင်ဆင်တာပါ

Run ထဲမှာ Gpedit.msc လို့ ရိုက်ခေါ်လိုက်ပါ။ ပီးရင်တော့ Enter ခေါက်ပေါ့။

Group Policy Editor ထဲကိုရောက်ပါမယ်။ အဲ့ဒီထဲမှာ သွားကမယ့်နေရာကတော့

အောက်ကအတိုင်းပဲ တစ်ဆင့်ချင်းသွားလိုက်ပါ။

User Configuration / Administrative Templates / System / ထိသွားလိုက်ပါ

သူ့ရဲ့ညာဘက်မှာရှိတဲ့ Setting ထဲမှာ Ctrl+Alt+Delete Options ဆိုတာကို ရှာလိုက်ပါ

တွေ့ရင်တော့ သူ့ကို Click လိုက်ပါ။ အဲဒီမှာ လေးခုကျလာပါတယ် လေးခုထဲကနေမှ

Remove Task Manager ကို Double Click နဲ့ဖွင့်လိုက်ပါ

Remove Task Manager Properties ကိုရောက်ပါမယ်

အဲ့မှာ Not Configured ကို ရွေးပေးလိုက်ပါ

ပီးရင် Ok ပေးလိုက်ပါ။

နည်းလမ်း ( ၂ )

နည်းလမ်း နှစ်က တော့ Registry ထဲကနေပီးတော့ သွားရောက်ပြင်ဆင်တာပါ

Run ကနေပီးတော့ Regedit လို့ ခေါ်လိုက်ပါ

ပီးရင် Registry Editor ထဲက အောက်ပါ Key တွေကို တစ်ဆင့်ချင်းရှာဖွေလိုက်ပါ

HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies\ System

System ကို ရောက်ပီဆိုရင် သူ့ညာဘက်မှာ DisableTaskMgr ဆိုတာကို ရှာလိုက်ပါ

တွေ့ပီဆိုရင် သူ့ကို Delete လုပ်ပေးလိုက်ပါ

ပီးရင်တော့ restart ချပေးလိုက်ပါ

အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်..pika17
0 comments more...

Command Prompt ဖွင့်မရတဲ့ ပြသနာ

by ရာမညတိုင်းသား on Nov.22, 2009, under

Command Prompt ဖွင့်မရတဲ့ Error

ဖြေ ရှင်းတဲ့နည်းတွေကတော့ ရှိကြမှာပါ ။ ကျွန်တော်ကတော့ နှစ်နည်းပဲသိတယ်

ကျွန်တော်သိတာကတော့ Registry ကနေပီးပြန်လည်းပြုပြင်တာနဲ့

Group Policy ကနေပီးတော့ ပြုပြင်တာနဲ့ နှစ်ခုပဲသိတယ်။

သိတာလေးနဲ့ပဲ ရအောင်လုပ်တာပေါ့ဗျာ..ဟုတ်ဘူးလား

ပထမဆုံး Registry ကနေပီးတော့ အရင် ဖြေရှင်းကြတာပေါ့ဗျာ။

Registry Editor ကိုဖွင့်လိုက်ပါ။ ပီးရင်တော့ အောက်မှာ ကျွန်တော်ပြထားတဲ့ Key တွေကိုရှာလိုက်ပါ။

[HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System] ထိသွားပါ။

သူ့ကိုတွေ့ပီဆိုရင် သူ့ညာဘက် Panel ထဲမှာ DisableCMD ဆိုတာကို ရှာပါ။

ပီးရင်Modify နဲ့ဖွင့်လိုက်ပါ။ Value Data နေရာမှာ 0 လို့ထားပေးလိုက်ပါ။

ပီးရင်တော့ Ok ပေးလိုက်ပါ။


ဒုတိယတစ်နည်းဖြစ်တဲ့ Group Policy ကနေပီးတော့ ပြန်လည်အသက်သွင်းတာကတော့ ဒီလိုလေးပါ။

Start, Run, ကိုသွားပါ။ ပီးရင်တော့ Group Policy ထဲကို ၀င်ဖို့အတွက် Run Box မှာ Gpedit.msc လို့ တိုက်ပါ။

ပီးရင်တော့ Ok ပေးလိုက်ပါ။ ဒါဆိုရင်တော့ Group Policy ထဲကို ရောက်ပါမယ်။

အောက်က အတိုင်းဆက်သွားလိုက်ပါ။

User Configuration \ Administrative Templates \ System ထိသွားပါ။

ပီးရင်တော့ သူ့ညာဘက် Setting ထဲမှာ Prevent access to the command prompt ဆိုတာကို Double Click

နှိပ်ပီးတော့ ဖွင့်လိုက်ပါ။ ပီးရင်တော့ Not Configured ကို ရွေးပေးလိုက်ပါ။ ပီးရင်တော့ Ok ပေးလိုက်ပါ။

ဒါဆိုရင်တော့အဆင်ပြေပါပီ။
kiss
0 comments more...

Wallpaper ချိန်းမရတဲ့ပြသနာ

by ရာမညတိုင်းသား on Nov.22, 2009, under

ပုံလှလှလေးတွေတွေ့လို့ Wallpaper ချိန်ချင်တယ် ။ ပုံလှလှလေးမတွေ့တုန်းကတော့

ချိန်းလို့ရလိုက်တာမှပြောမနေနဲ့ ။ ပုံလှလှလေးလည်းတွေ့ကော ချိန်းလို့မရတော့ဘူး။

အဲ့လိုပြသနာနဲ့ကြုံတဲ့အခါမှာ နည်းလမ်းနှစ်ခုနဲ့ ဖြေရှင်းနိုင်ပါတယ်။

နည်းလမ်းနှစ်ခုဆိုတာက ကျွန်တော်သိတာကိုပြောတာပါ။

တခြားလည်းရှိချင်ရှိမှာပေါ့ဗျာ..။ ကျွန်တော်ကတော့ Group Policy နဲ့ Registry ပဲသိတယ်

ပထမနည်း

ပထမနည်းဖြစ်တဲ့ Group Policy ကနေပီးတော့ ဘယ်လိုပြုပြင်မလဲဆိုရင်တော့

Run ကနေ Gpedit,msc ကနေတဆင့် Group Policy ထဲကိုဝင်ပါ.

ရောက်ပီဆိုရင်တော့ အောက်ကအတိုင်းဆက်သွားလိုက်ပါ။

"Administrative Templates\Control Panel\Display" ထိကိုဆက်သွားလိုက်ပါ။

ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ "Prevent Changing Wallpaper" ကို Double Click နဲ့ဖွင့်လိုက်ပါ။



သူနဲ့ဆိုင်တဲ့ Prevent Changing Wallpaper Properties Box ကျလာပါလိမ့်မယ်။

အဲ့ဒီမှာ ကျွန်တော်တို့ Not Configured ကို ရွေးပေးလိုက်ပါ။

ပီးရင်တော့ Ok ပေးလိုက်ပါ။

ဒါဆိုလည်းရပါတယ်။

ဒုတိယနည်း

ဒုတိယနည်းကတော့ Run > regedit ကနေတဆင့် Registry Editor ထဲကို ၀င်လိုက်ပါ။

ပီးရင်တော့အောက်ကအတိုင်းတဆင့်ချင်းဆက်သွားလိုက်ပါ။

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\ActiveDesktop\

ထိကိုသွားလိုက်ပါ။ ပီးရင်တော့ သူ့ညာဘက်မှာရှိတဲ့ "NoChangingWallPaper" ကို Modify နဲ့ဖွင့်လိုက်ပါ။

တကယ်လို့ မရှိဘူးဆိုရင်လည်း Policies ကနေပီးတော့ New Key ကို ရယူလိုက်ပါ။

ရလာတဲ့ Key ကို Active Desktop ဆိုပီးတော့ အမည်ပေးလိုက်ပါ။ ပီးရင်သူကနေပီးတော့

New DWORD Value ကိုရယူလိုက်ပါ။ ရလာတဲ့ Value ကို "NoChangingWallPaper" ဆိုပီးတော့

Rename ပေးလိုက်ပါ။ ပီးရင်တော့ သူ့ကို Modify နဲ့ဖွင့်လိုက်ပါ။

ပီးရင်တော့ Value Data နေရာမှာ 0 လို့ထားပေးပါ။ ပီးရင် တော့ Ok ပေးလိုက်ပါ။

ဒါဆိုရပါပီ..။ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းလျှက် ..နာလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်။

နားလည်အောင်မရှင်းပြနိုင်တာ ကျွန်တော့ ချွတ်ယွင်းချက်ပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ..။kiss
0 comments more...

Themes and Apperance ကို ဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

Desktop > Right Click > Properties ကနေတစ်ဆင့်ကြည့်မယ်ဆိုရင်

Themes / Desktop / Screen Saver / Apperance / Settings ဆိုပီးတော့ Tab တွေပါဝင်ပါတယ်။

အဲ့ဒီ Tab တွေထဲက Themes နဲ့ Apperance ကို ဖျောက်ပုံဖျောက်နည်းပါ.။

နှစ်နေရာကနေဖျောက်နိုင်ပါတယ်...။ အဲ့ဒါကလည်း ကျွန်တော်သိတာပါ။ တခြားလည်းရှိချင်ရှိမှာပေါ့.။

ကျွန်တော်ကတော့ Group Policy နဲ့ Registry ကနေပီးတော့ ဖျောက်တာပဲသိတယ်။.

Group Policy ကနေ အရင်ဖျောက်ကြည့်ရအောင်..။

Run .> Gpedit.msc ကနေတဆင့်

Group Policy ထဲကို အရင်ဝင်ပါ..။ ရောက်ပီဆိုရင်တော့ အောက်ကအတိုင်းဆက်သွားလိုက်ပါ.။

User Configuration tab / Administrative Templates / Control Panel / Display / ထိကိုသွားလိုက်ပါ.။

ပီးရင် သူ့ညာဘက် Panel ထဲမှာ Hide Appearance and Themes tab ကို Double Click နဲ့ဖွင့်လိုက်ပါ..။

Properties Box ကျလာရင်တော့ Enable ကို Select လုပ်ပေးပါ.။ ပီးရင် Ok ပေးလိုက်ပါ.။

ဒါဆိုရပါပီ..။။

ဒုတိယနည်းဖြစ်တဲ့ Registry ကနေဖျောက်မယ် ဆိုရင်တော့...

Start > Run >Regedit ကနေတဆင့် Registry Editor ထဲကိုဝင်လိုက်ပါ.။



ရောက်ပီဆိုရင်တော့ အောက်ကအတိုင်းဆက်ပီးတော့သွားလိုက်ပါ..။

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\] ထိကိုသွားလိုက်ပါ။

ရောက်ပီဆိုရင်တော့ အောက်ကပုံအတိုင်းပဲ New Key တစ်ခုကို ရယူလိုက်ပါ..။



ရလာတဲ့ Key ကို System ဆိုပီးတော့ Rename ပေးလိုက်ပါ..။ ပီးရင် သူကနေပီးတော့ New DWORD Value

ကိုရယူလိုက်ပါ။



ရလာတဲ့ Value ကို NoDispAppearancePage ဆိုပီးတော့ Rename ပေးပါ။

ပီးရင်တော့ NoDispAppearancePage ကို Modify နဲ့ ဖွင့်လိုက်ပါ.။



Edit DWORD String Box ကျလာပါလိမ့်မယ်.။ Value Data နေရာမှာ 1 လို့ထားပေးပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ.။



ဒါဆိုရပါပီ..။

အောင်မြင်နိုင်ကြပါစေ..။
ကျေးဇူးတင်ပါတယ်.။clapclap
0 comments more...

Screen Saver Tab ကိုဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

Desktop > Right Click > Properties ကနေကြည့်ရင်မြင်ရတဲ့ Screen Saver ကို ဖျောက်တဲ့နည်းလေးးပါ.။

Group Policy နဲ့ Registry Editor ကနေ သွားဖျောက်တာပါ။

Group Policy ကနေပီးတော့ ဖျောက်ပုံဖျောက်နည်းပါ.။

Run > Gpedit.msc > ကနေတဆင့် Group Policy ထဲကိုဝင်လိုက်ပါ။

ရောက်ပီဆိုရင်တော့အောက်ကအတိုင်းဆက်သွားလိုက်ပါ.။

User Configuration tab / Administrative Templates / Control Panel / Display / ထိကိုသွားလိုက်ပါ.။

ပီးရင် သူ့ညာဘက် Panel ထဲမှာ Hide Screen Saver Tab ကို ရှာလိုက်ပါ.။ တွေ့ရင် Double Click

နဲ့ဖွင့်လိုက်ပါ.။

Properties Box ကျလာပါ့မယ်.။ အဲ့ဒီမှာ Enable ကို Select လုပ်ပေးလိုက်ပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ.။

Registry Editor ကနေဖျောက်နည်းပါ.။

Run / Regedit ကနေတဆင့် Registry Editor ထဲကို သွားလိုက်ပါ.။

ရောက်ရင်တော့ အောက်ကအတိုင်းပဲဆက်လက်သွားလိုက်ပါ.။

HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\System ထိသွားပါ.။

အကယ်၍ System Key မပါဘူးဆိုရင် လည်း ရယူလိုက်ပါ.။



အဲ့လိုယူပီးတော့ ရလာတဲ့ Key ကို System လို့ Rename ပေးလိုက်ပါ.။

ပီးရင်တော့ သူ့ကနေတဆင့် DWORD Value အသစ်တစ်ခုကို ရယူလိုက်ပါ.။



ပီးရင်သူ့ကို “NoDispScrSavPage” ဆိုပီးတော့ Rename ပေးလိုက်ပါ.။

ပီးရင်သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။

ပီးပီဆိုရင်တော့ Value Data နေရာမှာ 1 လို့ထားပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။

Logoff ^ Reboot လုပ်ပေးပါ.။ဒါဆိုအဆင်ပြေပါပီ

အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျှက် ..

ကျေးဇူးတင်ပါတယ်ခင်ဗျာ.......lol
0 comments more...

Setting Tab ဖျောက်ထားမယ်

by ရာမညတိုင်းသား on Nov.22, 2009, under

လုပ်ပုံလုပ်နည်းကတော့ နှစ်နည်းပါ.။ အဲ့လိုပြောတာကလည်း ကျွန်တော်ကဒါပဲသိလို့ပါ.။

တခြားလည်းရှိချင်ရှိဦးမှာပေါ့.။ ကျွန်တော်ကတော့ဒါပဲသိတယ်။

ပထမနည်း.

Group Policy ထဲကိုဝင်လိုက်ပါ.(Run ကနေ Gpedit.msc ) ကနေတဆင့်ပေါ့.။

သူ့ထဲကိုရောက်ပီဆိုရင်တော့အောက်က အတိုင်းဆက်လက်သွားလိုက်ပါ.။

User Configuration tab / Administrative Templates / Control Panel / Display / ထိသွားလိုက်ပါ.။

ရောက်ပီဆိုရင်တော့ သူ့ညာဘက် Panel ထဲမှာ ရှိတဲ့ Hide Setting Tab ဆိုတာကို Double Click နဲ့ဖွင့်လိုက်ပါ.။

ပီးရင်တော့ သူနဲ့ဆိုင်တဲ့ Properties ကျလာပီဆိုရင်တော့ Enable ကို Select လုပ်ပေးပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ.။


ဒုတိယနည်း

ဒုတိယနည်းကတော့ Registry Editor ကနေပီးတော့ သွားရောက်ပြင်ဆင်တာပါ.။

ဒါကြောင့် သူ့ကိုဖွင့်ကပါတယ်.။ Run / Regedit / Redistry Editor ထဲကိုရောက်ရင်တော့

အောက်က Key တွေကို ရှာလိုက်ပါ.။

HKEY_CURENT_USER\Software\Microsoft\Windows\Current Version\Policies\System ထိသွားလိုက်ပါ.။

ရောက်ပီဆိုရင်တော့ သူကနေပီးတော့ New DWORD Value ကိုရယူလိုက်ပါ.။

ရလာတဲ့ DWORD ကို NoDispSettingsPage ဆိုပီးတော့ Rename ပေးလိုက်ပါ.။

ပီးရင်တော့ သူ့ကို Modify နဲ့ဖွင့်လိုက်ပါ..။ Edit DWORD Value Box ကျ လာရင်တော့

Value နေရာမှာ 1 လို့ ထားပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။

Logoff ^ Revoot လုပ်ပေးလိုက်ပါ.။ ဒါဆိုရင်တော့ ကျွန်တော်တို့ဖျောက်ထားချင်တဲ့ Setting Tab ပျောက်သွား

တာကိုမြင်ကမှာပါ.။

အဆင်ပြေကြပါစေ ..ကျေးဇူးတင်ပါတယ် ခင်ဗျာ..။pika18
0 comments more...

Desktop Tab ကိုဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

ပထမနည်း

Group Policy ထဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဝင်လိုက်ပါ.။ သိပီးသားဖြစ်လို့ ကျွန်တော် မပြောတော့တာဖြစ်ပါတယ်.။

ရောက်ပီဆိုရင်တော့ အောက်ကအတိုင်းတစ်ဆင့်ချင်းဆက်သွားလိုက်ပါ.။

User Configuration tab / Administrative Templates / Control Panel / Display / ထိသွားလိုက်ပါ.။

ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ ရှိတဲ. Hide Desktop Tab ဆိုတာကို Double Click နဲ့ ဖွင့်ပေးလိုက်ပါ.။

ပီးရင်တော့ Enable ကို ရွေးပေးလိုက်ပါ.။ ပီးရင် Ok ပေးလိုက်ပါ.။



ဒုတိယနည်း

Registry ကနေ ဖျောက်တာပါ.။ ဒါကြောင့်မို့ Registry Editor ထဲကို ၀င်လိုက်ပါ.။

ရောက်ပီဆိုရင်တော့ အောက်ကအတိုင်းပဲ ဆက်သွားလိုက်ပါ.။

သူ့မှာနေရာနှစ်နေရာရှိပါတယ်.။ ဖျောက်ဖို့က မိမိနှစ်သက်တဲ့ နေရာကို ၀င်ရောက်ပီးတော့ဖျောက်နိုင်ပါတယ်.။

User Key : HKEY_LOCAL_USER\Software\Microsoft\Windows\CurrentVersion\ Policies\System

System key : HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\System

နေရာနှစ်ခုထဲက မိမိနှစ်သက်တဲ့ ဆီမှာသွားရောက်ပြင်ဆင်နိုင်ပါတယ်.။

System ထိကိုရောက်ပီဆိုရင်တော့ New DWORD Value တစ်ခုကိုရယူလိုက်ပါ.။

ပီးရင်တော့ သူ့ကို "NoDispBackgroundPage" ဆိုပီးတော့ Rename ပေးလိုက်ပါ.။

သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 လို့ထားပေးလိုက်ပါ.။

ပီးရင်တော့ Ok ပေးလိုက်ပါ.။ Reboot ^ Logoff လုပ်ပေးလိုက်ပါ.။

ဒါဆိုအဆင်ပြေပါပီ.။

ပျော်ရွှင်နိုင်ကြပါစေ ..။ များများကလိနိုင်ကြပါစေလို့ ဆုတောင်းလျှက်

ကျေးဇူးတင်ပါတယ် ခင်ဗျာ..။။။pika19
0 comments more...

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!