XP splash screen ကို ဖျောက်တတ်သူတွေရှိသလို
မတတ်တဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။
ု
သိပ်တော့မခက်ပါဘူး။
အခက်အခဲလည်းမရှိပါဘူး.. တင်တောင်မတင်ချင်ဘူး ဒီအကြောင်းကို
ဘာလို့လည်းဆိုတော့ သိတဲ့သူများတယ်ထင်လို့လေ..
ဒါပေမယ့်လည်း ကျွန်တော်မေ့တဲ့အခါ ပြန်ကြည့်လို့ရအောင် တင်ထားတာပါ..
စစချင်း မှာ Run ကနေ Msconfig ကိုခေါ်လိုက်ပါ။
ခေါ်ပီးပီဆိုရင်တော့ သူနဲ့ဆိုင်တဲ့ System Configuration Setting ဆိုတာလေး ပေါ်လာပါလိမ့်မယ်။
အဲ့ဒီမှာ ကျွန်တော်တို့ BOOT.INI ဆိုတာရှိပါတယ်။ အဲ့ဒါကို Click လိုက်ပါ။
အဲ့ဒီမှာ ဒုတိယမြောက်နေရာမှာ /NOGUIBOOT ဆိုတာလေးကို အောက်ကအတိုင်း
အမှန်ခြစ်လေးပေးလိုက်ပါ။ ပီးရင်တော့ Apply / OK ပေးလိုက်ပါ။
Restart တောင်းပါလိမ့်မယ်။ ပေးလိုက်ပါ။ ပီးရင်တော့ မိမိတို့ ၀င်းဒိုးအတတ်မှာ
XP splash screen ပျောက်နေတာကို တွေ့ကမှာပါ။
အဆင်ပြေကြပါစေ....
0 comments