Demo Blog

Changing Drive Labels in Explorer

by ရာမညတိုင်းသား on Nov.22, 2009, under

ရိုးရိုးတန်းတန်း ဒီတိုင်းပဲလည်း အမည်တွေကို ချိန်းလို့ရတယ်ဆိုတာသိပီးသားပါ။

ဒါပေမယ့် ကျွန်တော်တွေ့တာလေးတစ်ခုကို တင်ပေးမှာဖြစ်ပါတယ်

အဲ့ဒါကတော့ Drive Labels တွေကို Registry ကနေပီးတော့ ဘယ်လိုမျိုးချိန်းကတယ်ဆိုတာပါ

မသိတော့လည်းဘာမှမဖြစ်ပေးမယ့် ဒီထဲကနေလည်း ချိန်းလို့ရတယ်ဆိုတာကို သိစေချင်လို့ပါ

စပီးတော့ Run ကနေပီးတော့ regedit လို့ခေါ်ပီးတော့ ဖွင့်လိုက်ပါ။



Registry Editor ထဲကိုရောက်သွားပါလိမ့်မယ်။

အဲ့ဒီထဲကိုရောက်ပီဆို၇င်တော့ ကျွန်တော်အောက်မှာပြထားတဲ့အတိုင်း

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\]

တစ်ဆင့်ချင်းသွားလိုက်ပါ။



Explorer ကနေပီးတော့ ပုံမှာ ကျွန်တော်ပြထားသလိုမျိုး Key တစ်ခုယူလိုက်ပါ။

ရလာတဲ့ Key ကို DriveIcons ဆိုပီးတော့ အဲ့ဒီ နေရာမှာ ရေးပေးပါ။



အဲ့ဒီ DriveIcons ကနေပီးတော့လည်း New Key တစ်ခုကိုယူပေးပါ။

ရလာတဲ့ Key ကို C ဆိုပီးတော့ ထားပေးပါ။



အဲ့ဒီ C ကနေပီးတော့လည်း New Key ထပ်ပီးတော့ယူပေးပါ

သူ့ကိုလည်း DefaultLabel ဆိုပီးတော့ ရေးပေးပါ။



သူ့ညာဘက်မှာရှိတဲ့ Default လေးကို ပုံမှာ ကျွန်တော်ပြထားသလိုမျိုး Modify နဲ့ဖွင့်လိုက်ပါ

သူနဲ့သက်ဆိုင်တဲ့ Box တစ်ခု ကျလာပါလိမ့်မယ် အဲ့ဒီကျလာတဲ့ Box က Value Data နေရာမှာ

နှစ်သက်တဲ့ အမည်ကို မြန်မာလိုလည်း ရေးနိုင်ပါတယ် ။ နှစ်သက်တဲ့ဘာသာနဲ့ရေးနိုင်ပါတယ်

( ပိုလုပ်နိုင်ပါတယ်။ ။ ဘာကိုလည်းဆိုတော့ ကျွန်တော်အခုဖေါ်ပြထားတာက C ဆိုတဲ့ Drive ကို

ပဲ Label ပြောင်းထားတာပါ။ တခြားDrives တွေကို ပြောင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ C ဆိုပီးတော့

New Key ယူတဲ့နေရာမှာ တခြား D တို့ E တို့ Key တွေအများကြီးယူပီးတော့ သူတို့အောက်မှာ

အောက်ကအဆင့်အတိုင်းပဲ DefaultLabel အသီးသီးယူပေးကပါမယ်။ ပီးရင်တော့ ညာဘက်မှာရှိတဲ့ Default

ကို Modify နဲ့ဖွင့်ပီးတော့ ထုံစံအတိုင်းပဲ Value Data နေရာမှာ နှစ်သက်တာတွေကို ထည့်နိုင်ပါတယ်)

အဆင်ပြေကြပါစေဗျာ...
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!