Demo Blog

Control Panel မှာရှိနေတဲ့ Date and Time system icon လေးကိုဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

ချစ်တီး တို့ကတော့ ဖျောက်ပီးရင်ဖျောက်ပြန်ပီ ဟီးဟီး ဖျောက်အားကြီးလို့

စက်ထဲက Icon တွေလည်း ကုန်လုလုဖြစ်နေပီ ဒါလည်းသူကဖျောက်တုန်းပဲ

အခု တစ်ခေါက်ကျွန်တော်တို့ ဖျောက်မယ့် Icon ကတော့ Control Panel မှာ

ရှိနေတဲ့ Date and Time system Icon လေးကို ဖျောက်မှာပါ။

မဖျောက်ခင်တော့ ထုံးတမ်းအစဉ်အလာရ နတ်တွေကိုပူဇော် အားးးးးးးးးမဟုတ်ပါဘူး

မှားသွားတယ်... Control Panel မှာ ကျွန်တော်ပြောတဲ့ Date and Time system Icon လေး

ရှိမရှိကိုအရင်ကြည့်လိုက်ပါ။ ကျွန်တော့်ဆီမှာတော့ရှိသပါ့.အောက်ကပုံလေးနဲ့



အဲ့ပုံလေးပါပဲ။ ကျွန်တော်တို့ခုဖျောက်မယ့် Icon ပုံလေးပါ။

စပီးတော့ ဖျောက်ဖျက်ကြည့်ရအောင်..

Registry Editor လေးဆီကိုရောက်သွားပါလိမ့်မယ်။

အဲ့ဒီမှာ ကျွန်တော်တို့ HKEY_CURRENT_USER ကိုသွားလိုက်ပါ။

သူကနေတဆင့် သူ့အောက်မှာရှိနေတဲ့ Control Panel ကိုဆက်သွားလိုက်ပါ။

အဲ့ Control Panel ကနေတဆင့်မှ don't load ဆိုတာလေးကို ဆက်လက်ပီးတော့ သွားလိုက်ပါ။

don't load ရောက်တာနဲ့ New ကနေပီးတော့ String Value အသစ်တစ်ခုကို အောက်မှာ ပြထားသလို

ရယူပေးလိုက်ပါ။



ယူပီးပီဆိုရင်တော့ သူ့ကို Rename ပေးဖို့လိုပါတယ်။ ပေးကမယ့် Rename က timedate.cpl ပါ။

ပေးပီးရင်တော့ အောက်မှာပြထားသလို Modify လုပ်ပေးပါ။



Modify လုပ်လိုက်တာနဲ့ သူနဲ့ သက်ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ်။

အဲ့ Box မှာ Value Data နေရာမှာ အောက်မှာ ပြထားသလိုမျိုး ကျွန်တော်တို့

No ဆိုပီးတော့ရေးပေးလိုက်ပါ။ ပီးရင်တော့ Ok ပေးလိုက်ပါ။



အားလုံးပေးပီပီဆိုရင်တော့ မိမိတို့ရဲ့ Control Panel ကိုဖွင့်ပီးတော့

သူ့ထဲမှာ Refresh လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ဖျောက်ချင်တဲ့

Date and Time system Icon လေးပျောက်နေတာကိုမြင်ကမှာပဲဖြစ်ပါတယ်။

တကယ်လို့ ပြန်လည်ဖေါ်ချင်တဲ့ သူငယ်ချင်းတွေကတော့ အပေါ်ကအတိုင်းပဲ သွားပီးတော့

String Value လေးကို ပြန်ဖျက်ပေးလိုက်ပါ။ String Value ဆိုတာကလည်း အစောက

ကျွန်တော်တို့ အသစ်ယူထားခဲ့တဲ့ timedate.cpl ဆိုတာလေးကို ပြန်ပီးတော့ ဖျက်ပေးလိုက်ရင် ရပါပီ။

အဆင်ပြေကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်...
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!