Demo Blog

Registry ကနေ Drive တွေကို Lock ချကြည့်ရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

အများအားဖြစ်တော့ Lock ချတာ ပုံစံအမျိုးမျိုးရှိကြပါတယ်။

သန်ရာသန်ရာပေါ့။ ဒီကောင်ကတော့ အခက်အခဲမရှိပါဘူး။

လွယ်ကူပါတယ်။ အင်မတန်မှ ။ ဘာလို့လည်းဆိုတော့

လွယ်ကူလို့ပေါ့။ ဂဏန်းလေးတွေထည့်ပေးတာနဲ့

ပျောက်တယ်ဗျာ..မယုံဘူးလား မယုံရင်တော့စမ်းကြည့်ပေါ့။

အသုံးတည့်မယ်လို့ ယုံကြည်ပါတယ်..ကိုသုံးချင်တဲ့အခါမှာလည်း လွယ်ကူတယ်.

ဒီလို Lock ချ ထားခြင်ဖြင့် မိမိ Drive တွေမှာ ဘာရှိတယ်ဆိုတာကို မသိနိုင်ဘူးပေါ့။

စပီးတော့ Lock ချ ကြရအောင် ..

စစချင်ဘာလုပ်ကမလဲဆိုတော့ ကျွန်တော်တို့ Regedit ကို Run ကနေ ခေါ်ကမှာပေါ့။

သူကနေဖျောက်မှာကို ။

ခေါ်ပီပီဆိုရင်တော့ အောက်ကအတိုင်းပဲ တဆင့်ချင်းသွားလိုက်ပါ။

ပုံတွေဘာတွေနဲ့ မပြတော့ပါဘူး .. လွယ်ကူလို့ပါ။

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer

ထိသွားလိုက်ပါ။

ပီးရင်တော့ New Value တစ်ခုကို ယူလိုက်ပါ။ New ကနေ DWORD Value နဲ့ယူလိုက်ပါ။

ပီးရင်တော့ သူ့ကို Nodrive ဆိုပီးတော့ Rename ပေးလိုက်ပါ။

ပီးပီဆိုရင်တော့ Right Click ထောက်ပီးတော့ Modify နဲ့ဖွင့်လိုက်ပါ။

ပီးရင်တော့ Value Data နေရာမှာ ကျွန်တော်တို့ ဂဏန်းတွေရိုက်ထည့်ယုံပါပဲ။

တကယ်လို့ သူငယ်ချင်းတို့တွေက ဘယ်Drive ကိုဖျောက်ထားချင်တာလဲပေါ့။

မိမိဖျောက်ထားချင်တဲ့ Drive ရဲ့ ဂဏန်းကို အဲ့ဒီနေရာမှာထည့်ရင်ရပါပီ။

အောက်မှာ ကျွန်တော်ဂဏန်းတွေရေးထားပေးပါတယ်။

A နဲ့ B = 1 ( ဆိုလိုချင်တာက A ကိုဖျောက်ချင်ရင် အဲ့ဒီမှာ 1 လို့ပေးပီးတော့ Decimal ဆိုတာလေးကို

ရွေးပေးလိုက်ယုံပါပဲ။ တကယ်လို့ B ဆိုရင်လည်း 1 လို့ထားပေးရင်ပျောက်ပါတယ်။ ပြောချင်တာက A နဲ့

B က တန်ဖိုးတူတယ်လို့ ဆိုချင်တာပါ။)

C = 2

D = 4 (or ) 8

E = 16

F = 32

G = 64

H= 128

I = 256

အဲ့လိုမျိုးနဲ့ နှစ်ဆ နှစ်ဆတိုးသွားလိုက်ပါ။ ဥပမာဗျာ.. J ဆိုရင် I ရဲ့ နှစ်ဆ 512 ပေါ့။

ဒါဆိုနားလည်မယ်ထင်ပါတယ်။

တကယ်လို့ သူငယ်ချင်းတို့က နှစ်ခုသုံးခုဖျောက်ချင်တယ်။ ရပါတယ်။

ဥပမာ E နဲ့ G ဆိုတဲ့ drive နှစ်ခုကိုဖျောက်မယ်ဆိုပါစို့။

E က 16 နဲ့ G က 64 နှစ်ခု ကို ပေါင်းပီးတော့ ဒီလို့ရေးပေးလိုက်ရုံပါ။

16+64=80 အဲ့လိုရေးလိုက်ရုံပါပဲ။ သဘောပေါက်နားလည်လောက်ပီလို့ထင်ပါတယ်။

ကောင်မွန်စွာဖျောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျာ

ကျေးဇူးတင်ပါတယ်...
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!