Demo Blog

Drive Letter တွေကို ဘယ်လိုချိန်းမလဲ ??

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်ပြောချင်တာက ဥပမာ သူငယ်ချင်းတို့က Game ဆိုတဲ့ Drive ကို

E လို့ပေးထားတယ်ဆိုပါဆို့။ အဲ့ဒီ E ကို ပြောင်းမှာ ပါ။ အဲ့ဒါကိုဆိုလိုချင်တာပါ။

အရင်ဦးဆုံးသူငယ်ချင်းတို့ Run ကနေပီးတော့ diskmgmt.msc ဆိုပီးတော့

တိုက်လိုက်ပါ။



သို့တည်းမဟုတ် My computer ကို Right-Click နှိပ်ပီးတော့ Manage

ကိုသွားလိုက်လည်းရပါတယ်။



Disk Management ဆိုတာ ပေါ်လာပါလိမ့်မယ်။

အဲ့ဒီမှာ Disk 0 နဲ့တန်းတန်းမှာ ဗျာ C D E ဘာညာနဲ့ ရှိပါတယ်။ အဲ့ဒီမှာ

သူငယ်ချင်းတို့ပြောင်းချင်တဲ့ Disk ကို Right Click ထောက်လိုက်ပါ။

ပီးရင်တော့ အောက်မှာကျွန်တော်ပြထားသလိုမျိုး Change Drive Letter and Paths ကို ရွေးပေးလိုက်ပါ။

အဲ့ဒါနဲ့ဖွင့်ပီးပီဆိုရင်တော့ သူနဲ့ ဆိုင်တဲ့ Box လေးကျလာပါလိမ့်မယ် ။ အဲ့ဒီမှာ Change ဆိုတာလေးကို

နှိပ်ပေးလိုက်ပါ။ ပီးရင်တော့နောက်ထပ် Box လေးတစ်ခု ထပ်တပ်လာပါလိမ့်မယ်။

အဲ့ဒီသူ့ရဲ့ ညာဘက်မှာ Down Arrow လေးနဲ့ ပြထားပါတယ်။

အဲ့ထဲမှာ Letters တွေရှိပါတယ် မိမိနှစ်သက်တဲ့ Letter ကိုရွေးပီးတော့ ထားလိုက်ပါ။

ပီးရင်တော့ Ok Ok နှစ်ခါပေးလိုက်ပါ။ ပီးရင်တော့ အောက်ကလို ထပ်တပ်လာပါတယ်။



အဲ့ဒီနေရာမှာ Yes ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင်ရပါပီ။ မိမိနှစ်သက်တဲ့ Letter လေးတွေကို

ထားသိုနိုင်ကြပါစေဗျာ...
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!