Demo Blog

Printers and Faxes ကို Rename ပေးရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

ဒီတိုင်းပဲချိန်းလို့လည်းရတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ် .

ဒါပေမယ့် Registry ကနေပီးတော့လည်းချိန်းလို့ရတယ်ဆိုတာကို

သိစေချင်လို့ပါ။ ဘာပဲဖြစ်ဖြစ်သိထားတော့ ကောင်းတာပေါ့

လိုက်လုပ်တာမလုပ်ကြည့်တာကတော့ သူငယ်ချင်းတို့ရဲ့ သဘောပါ

စပီးတော့ အမည်ပြောင်းကြမယ်.ဗျာ

Run ကနေပီးတော့ regedit လို့ရိုက်ခေါ်လိုက်ပါ။ ပီးရင် Enter ခေါက်လိုက်ပေါ.။



ပီးပီဆိုရင်တော့ ကျွန်တော်အောက်မှာ ပြထားတဲ့ အတိုင်းတစ်ဆင့်ချင်းသွားလိုက်ပါ။

[HKEY_CLASSES_ROOT\CLSID\{2227A280-3AEA-1069-A2DE-08002B30309D} ထိကို

ရောက်အောင်သွားလိုက်ပါ။ သူ့ညာဘက်မှာ LocalizedString ဆိုတာရှိပါတယ်။



အဲ့ဒါကို ပုံမှာ ပြထားသလို Modify နဲ့ဖွင့်လိုက်ပါ။

ပီးပီဆိုရင်တော့ Value Data နေရာမှာ သူငယ်ချင်းတို့နှစ်သက်ရာ အမည်နာမကိုပေးလို့ရပါတယ် ။



မြန်မာလိုလည်းပေးလို့ရပါတယ် ။

ဒါပေမယ့် Registry ထဲမှာတော့ အတုံးလေးတွေပဲတွေ့ကမှာပါ။

တကယ်Icon အောက်မှာ ဆိုရင်တော့ သူငယ်ချင်းတို့ပေးထားတဲ့ အမည်လေးပေါ်နေမှာပါ။

ပီးရင်တော့ OK ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေပါပီ။

ကျေးဇူးတင်ပါတယ်။
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!