Demo Blog

Control Panel မှာရှိနေတဲ့ Display Icon လေးကို ဖျောက်ကြည့်ရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

လိုက်လုပ်ကြည့်ကြပါလို့ ဖိတ်ခေါ်ပါတယ်။

စပီးတော့ ဖျောက်ကြရအောင်ဗျာ..

ထုံးစံအတိုင်းပေါ့ သူရဲကောင်းကြီး Registry ကိုဖွင့်လိုက်ပါဗျာ.

ပီးရင်တော့ နောက်တစ်ဆင့်ဆက်သွားတာပေါ့။

HKEY_CURRENT_USER အောက်မှာ ရှိတဲ့ Control Panel ထဲမှာ ရှိတဲ့ don't load ဆိုတာလေးကို

ရှာလိုက်ပါ။ တွေ့ပီဆိုရင်တော့ အောက်ကအတိုင်းပဲ ဆက်သွားလိုက်ပေါ့။



ပုံမှာ ပြထားတဲ့အတိုင်းပဲ New ကနေ String Value ကိုယူလိုက်ပါ။

ရလာတဲ့ String Value လေးကို အောက်မှာ ပြထားတဲ့ ပုံ အတိုင်း Rename လေးပြောင်းပေးလိုက်ပါ။



Rename ကိုတော့ desk.cpl ဆိုပီးပေးလိုက်ပါ။ ပီးရင်တော့ Modify နဲ့ ဖွင့်လိုက်ပါ။

သူနဲ့ဆိုင်တဲ့ Box လေး အောက်ကအတိုင်းကျလာပါလိမ့်မယ် ။

ကျလာပီဆိုတာနဲ့ Value Data နေရာလေးမှာ အောက်ကအတိုင်း NO လို့ ပေးလိုက်ပါ။

ပီးရင်တော့ Ok ပေးလိုက်ပါ။



အားလုံးပီးပီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Control Panel လေးကို ဖွင့်လိုက်ပါ ။

ပီးရင်တော့ အဲ့ထဲမှာ Refresh ပေးလိုက်ပါ။ ဒါဆိုရပါပီ.။

ကျေးဇူးတင်ပါတယ်...

အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. နောက်တစ်ခါလာလည်ပါဦးလို့
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!