Demo Blog

ကွန်ပျူတာများတွင်အသုံးပြုနေသော Mouse

by ရာမညတိုင်းသား on Nov.22, 2009, under

ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ ကွန်ပျူတာမောက်စ်များ အသုံးပြုမှု သက်တမ်းကုန်ဆုံးတဲ့မယ်တဲ့ဗျို့။
မောက်စ်များက နောင်လာမည့် သုံး၊လေး၊ငါးနှစ်အတွင်း သက်တန်းကုန်ဆုံးတော့မည်ဟု ဂါတနာလေ့လာရေးအဖွဲ့က ဆန်းစစ်လေ့လာ ခန့်မှန်းကြတယ်။ ကွန်ပျူတာမောက်စ်နေရာ၌ အစားဝင်ရောက်လာမည့် စနစ်မှာ ကွန်ပျူတာ ဖွင့်လိုက်သည့်အခါ ဖန်သားပြင်ကို ထိလိုက်သည်နှင့် မှတ်မိသည့်စနစ်၊ မျက်နှာမြင်သည်နှင့် ဖန်သားပြင်က မှတ်မိသည့် စနစ်မျိုး အစားထိုး ၀င်ရောက်လာမည်ဟု ပြောကြတာပဲ။ :P
မောက်စ်များက ကွန်ပျူတာ Desktop များနှင့် အလုပ်လုပ်ရာတွင် အဆင်ပြေလွယ်ကူသော်လည်း အိမ်တွင်းဖျော်ဖြေရေးနဲ့ မှတ်စုကွန်ပျူတာများနှင့် တွဲ၍အသုံးပြုရာတွင် အဆင်မပြေကြောင်း တွေရသည်ဟု စတီဗီပရန်တစ်က ပြောကြားသည်။ အီလက်ထရွန်းနစ် ပစ္စည်းများကို အသုံးပြုသည့် လုပ်ငန်းများ၏ တီထွင်ကြံဆမှုကြောင့် mouse များသက်တမ်း ကုန်ဆုံးတော့မည်ဟု ခန့်မှန်းချက် ပေါ်လာရခြင်း ဖြစ်သည်။ ထိုပြင်ဂိမ်းကစားခြင်းကို အတုယူပြီး အပြန်အလှန်ကြည့်ရုံဖြင့် မှတ်မိပြီး အလုပ်လုပ်နိုင်သော ကွန်ပျူတာများကို ထုတ်လုပ်မည်ဟု စတီဗီပရန်တစ်က ပြောကြားသွားပါတယ်။
လက်ဖြင့် ထိရုံ၊ မြင်ရုံဖြင့် မှတ်မိပြီး အလုပ်လုပ်မည့် စနစ်သည် အဝေးထိန်းခလုတ် (remote control) ကိုအသုံးပြုသည့် နေရာ၌ အစားထိုးဝင်ရောက်လာမည် ဖြစ်ကြောင်း စတီဗီကပဲ ထပ်မံပြောကြားသွားပါတယ်။
ကျွန်တော်တို့ မြို့ကဘူးဖေးဆိုင်တွေမှာလည်း အဲဒီလို ကွန်ပျူတာမျိုး အသုံးပြုနေတာကို တွေ့နေရပါတယ်။ iphone လိုမျိုးအဆင့်မြင့် စက်ပစ္စည်းတွေဆိုရင် ထိတွေ့ရုံနဲ့ အလုပ်လုပ်တဲ့ မျက်နှာပြင်တွေ ပါရှိနေပါပြီ။

(ကွန်ပျူတာမောက်စ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ခန့်က ဒေါက်တာဒေါက်ကလပ် အန်ဂယ်လ်ဘဒ်က စတန်းဖို့ဒါ သူတေသနတက္ကသိုလ်အတွက် အလုပ်လုပ်စဉ်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏နောက်မှ ဘီလ်အင်္ဂလိပ်ရှ်က ball mouse ကို ၁၉၇၂ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ကွန်ပျူတာနှင့် တွဲဖတ်အသုံးပြုခဲ့သည်။)
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!