Demo Blog

တေးသီငှက်ရဲ့တမ်းချင်းတစ်ပုဒ်

by ရာမညတိုင်းသား on Nov.22, 2009, under

ဒဏ်ရာတွေပတ်လည်နဲ့

အာကာယံဟင်းလင်းပြင်လို

ငါ့ရင်ခွင်ဝန်းကျင်မှာ

မင်းအတွက်သီနေတဲ့ တေးသီချင်းတွေက

အကြိမ်ကြိမ်ပဲ့တင်ထပ်နေပြီ။

သတိရတိုင်း ငါ့ရင်မှာပူလောင်တာ

ဘယ်လိုတေးသွားက အေးမြမှုကို

ဖန်တီးနိုင်မှာတဲ့လဲ။

ပျက်သုန်းခြင်းရဲ့နမိတ်ပုံတွေ

မင်း…..

မပြလိုက်ပါနဲ့။

ငါ့ရင်မှာနာပြီးရင်းနာ

ဒီဒဏ်ရာတွေဘယ်လိုဖြည်ချရပါ့..

ငါ့ဘ၀ကိုမင်းမြင်

ငါ့သီချင်းကိုနားဆင်ပြီး

ငါ့ရင်ကိုမင်းနှလုံးသားနဲ့နင်းပါ။

ကြေမွသွားတဲ့အလွမ်းတချို့ကို

သံစဉ်ရှာဖို့အတွက်

ငါတို့ဘ၀တွေကိုကြိုးမညှိနိုင်သေးဘူး…

ငါ့ဘ၀ရဲ့ဖြစ်တည်မှုက

သေချာတယ် မင်းတစ်ယောက်ပဲ။


ငါလွမ်းနေတယ်…

ငါတို့လွမ်းနေရဦးမယ်…..

မဆုံးတဲ့တေးသီချင်းတွေသီကျူးရင်း..
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!