Demo Blog

Registry ဆိုတာဘာလဲ

by ရာမညတိုင်းသား on Nov.22, 2009, under

Registry အကြောင်းတွေသာ ကျွန်တော်ဆွေးနွေးနေပေမယ့် Registry ဆိုတာဘာလည်းဆိုတာကိုတော့

ခုထိ ကျွန်တော်မဆွေးနွေးကသေးပါဘူး။ သိတဲ့သူတွေလည်းသိကြသလို မသိသေးတဲ့သူငယ်ချင်းတွေလည်း

ရှိကြပါတယ်။ အခုဆွေးနွေးပါမယ်။ ဆွေးနွေးတယ်ဆိုပေမယ့် ကျွန်တော်သိသလောက် ကျွန်တော်ဖတ်မိသလောက်

တွေကိုသာ ကျွန်တော်ဆွေးနွေးတာဖြစ်ပါတယ် ။ ကျွန်တော်နားလည်သလို ရေးထားတာပါ။

Registry ဆိုတာကတော့ ကွန်ပျူတာမှာရှိတဲ့ နေရာမှန်သမျှကို ထိန်းသိမ်းပေးထားတဲ့

နေရာလေးပါ။ Registry ထဲမှာ အဓိကအနေနဲ့ အပိုင်း ( ၆ ) ပိုင်းပါဝင်ပါတယ်။ ဘာတွေလဲဆိုတော့

1. HKEY-CLASSIC-ROOT
2. HKEY-CURRENT-USER
3. HKEY-LOCAL-MACHINE
4. HKEY-USERS
5. HKEY-CURRENT-CONFIG
6. HKEY-DYN-DATA ဆိုပီးတော့ ပါဝင်ပါတယ်။

Registry ကို ပြင်မယ်ဆိုရင်တော့ Registry Editor ဆိုတဲ့ နေရာကနေသာ တိုက်ရိုက်ပြင်ကပါတယ်။

HKEY-CLASSIC-ROOT ဆိုတာကတော့ ၀င်းဒိုးကနေ အသုံးပြုထားတဲ့ Standart Class Objects

တွေကို သတ်မှတ်ထားပေးတဲ့နေရာပါ။ Class Objects ဆိုတာကတော့ မျိုးတူ Function အုပ်စုတွေရဲ့

အမည်ပါ။

HKEY-CURRENT-USER နဲ့ HKEY-USERS ဆိုတာကတော့ ကွန်ပျူတာထဲမှာ အသုံးပြုသူတွေဟာ

မိမိကြိုက်နှစ်သက်တဲ့ User Preferences ( Wallpaper, Screen Saver ) တွေကို မိမိနှစ်သက်သလို

အသုံးပြုနိုင်ပါတယ်။ User တစ်ယောက်ချင်းဆီက သတ်မှတ်ထားတဲ့ Preferences တွေကို HKEY-USER

ထဲမှာ သိမ်းထားပီးတော့ လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personlized settings တွေကိုတော့

HKEY-CURRENT-USER ထဲမှာ သိမ်းထားပါတယ်။

HKEY-LOCAL-MACHINE ဆိုတာကတော့ User Setting တွေနဲ့ မသတ်ဆိုင်ပဲနဲ့ System ပိုင်းဆိုင်ရာတွေကို

သိမ်းထားပေးတဲ့နေရာလေးပါ။ သူ့မှာဆိုရင် ကွန်ပျူတာပိုင်းဆိုင်ရာ မိမိတပ်ဆင်လိုက်တဲ့ ပစ္စည်းတိုင်းရဲ့

အကြောင်းအရာတွေကို မိမိဘာပစ္စည်းကိုတပ်လိုက်တယ်၊ ဘာပစ္စည်းတွေကိုဖြုတ်လိုက်တယ် ဆိုတာတွေကို

သိမ်းထားပေးတဲ့နေရာလေးပါ။

HKEY-CURRENT-CONFIG ဆိုတာကတော့ တကယ်လို့များ မိမိ အသုံးပြုနေတဲ့ Setting ဟာ နှစ်ခုဖြစ်နေတယ်

ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်းအရာကို သိမ်းထားပေးတဲ့နေရာလေးပါ။ ဥပမာအနေနဲ့ ကွန်ပျူတာမှာ

မော်နီတာနှစ်လုံးကို တပ်ဆင်ထားတယ်ဆိုရင် လက်ရှိအသုံးပြုနေတာကတော့ အဲ့နှစ်လုံးထဲက တစ်လုံး ပဲဖြစ်မယ်။

HKEY-CURRENT-CONFIG ကတော့လက်ရှိအသုံးပြုနေတဲ့ မော်နီတာနဲ့ ပတ်သတ်တဲ့ Value တွေကိုသိမ်းထားပေးတာ

ဖြစ်ပါတယ်။

HKEY-DYN-DATA
ဆိုတာကတော့ ကွန်ပျူတာ အလုပ် မြန်မြန်ထွက်နိုင်ဖို့ System Configuration တွေကို RUM

ပေါ်တင်ပီးတော့ အလုပ်လုပ်ပါတယ်။ သူဟာ BOOT လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း

Update လုပ်ပေးပါတယ်။

Registry ကို ပြင်ချင်တယ် မြင်ချင်တယ်ဆိုရင်တော့ သိပီးသားပါပဲ Run မှာ Regedit သို့မဟုတ် Regedit.exe

လို့ ရိုက်ခေါ်ပီးတော့ မိမိပြုပြင်ချင်တာတွေကိုပြင်လို့ရပါတယ်။

ကျေးဇူးတင်ပါတယ်
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!