Demo Blog

Control Panel မှာရှိတဲ့ Phone and Modem Options system icon လေးကို ဘယ်လိုဖျောက်ကြမလဲ

by ရာမညတိုင်းသား on Nov.22, 2009, under

အခုတစ်ခါ အလှည့်ကျတဲ့ တေးသံရှင်ကတော့ R ဇာနည် ဖြစ်ပါတယ်။ အား မဟုတ်ပါဘူး

မှားသွားတယ် အခုတစ်ခါ အလှည့်ကျတဲ့ ဖျောက်မယ့် Icon လေးကတော့

Phone and Modern Options System Icon လေးပဲဖြစ်ပါတယ်။ ဟီးဟီး

စပီးတော့ ဖျောက်ကြရအောင်ဗျာ ..

ပီးရင်တော့ Registry Editor ထဲကိုဝင်လိုက်ပါ။

အဲ့ကနေပီးတော့ HKEY_CURRENT_USER အောက်မှာ ရှိနေတဲ့ Control Panel ထဲကို သွားလိုက်ပါ။

Control Panel ထဲမှာ ရှိတဲ့ don't load ဆိုတာလေးကို

ရှာလိုက်ပါ။ တွေ့ပီဆိုရင်တော့ အောက်ကအတိုင်းပဲ ဆက်သွားလိုက်ပါ။

သူကနေပီးတော့ New ကနေတဆင့် String Value လေးယူလိုက်ပါ။



အဲ့ကနေပီးတော့ ရလာတဲ့ String Value လေးကို telephon.cpl ဆိုပီးတော့

Rename ပြောင်းပေးလိုက်ပါ။ ပီးရင်တော့ သူ့ကို Modify လေးနဲ့ဖွင့်လိုက်ပါ။



အဲ့ကောင်လေးကို ဖွင့်ပီးဆိုတာနဲ့ သူနဲ့ဆိုင်တဲ့ Box လေး ကျလာပါလိမ့်မယ်။

အဲ့ဒီကျလာတဲ့ Box လေးမှာ Value Data ဆိုတဲ့ အကွက်လေးမှာ

အောက်ကအတိုင်းပဲ No ပေးလိုက်ပါ။ ပီးရင်တော့ Ok လေးပေးလိုက်ပါ။



ပေးပီးပီဆိုတာနဲ့ သူငယ်ချင်းတို့ ရဲ့ Control Panel လေးကို ပြန်ပီးတော့

ဖွင့်ကြည့်လိုက်ပါ။ သူ့ထဲမှာ Refresh လေးပေးကြည့်လိုက်ပါ။ အောက်ကပုံလေးလိုမျိုး

Phone and Modern Options System Icon လေးပျောက်နေတာကို မြင်ကမှာဖြစ်ပါတယ်။



လိုက်ရှာကြည့်ကြည့်ပါ ပျောက်နေတာကိုတွေ့ကမှာပါ။

အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပြန်ပေါ်ချင်ရင်တော့ ထုံစံတိုင်းပဲ

telephon.cpl ဆိုတဲ့ ဆီကို ရောက်အောင်ပြန်သွားပီးတော့ Delete လိုက် ပီးရင်တော့

Control Panel မှာ Refresh ပြန်ပေးပီးတော့ကြည့်လိုက်ပါ။ ဒါဆိုအဆင်ပြေသွားမှာပါ။

ကျေးဇူးတင်ပါတယ်.....
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!