Demo Blog

Control Panel မှာရှိတဲ့ Mail System Icon လေးကို ဖျောက်ထားရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

ခဲခဲယဉ်းယဉ်းတော့လည်းမဟုတ်ပါဘူး. ဒုက္ခလည်းမတွေ့ပါဘူး သူ့ကိုဖျောက်လို့လည်း

မဖျောက်တော့ကောဘာဖြစ်လည်းဆိုတော့ ဘာမှလည်းမဖြစ်ပါဘူး

ဒါပေမယ့်ဖျောက်လို့ရတယ်ဆိုတာလေးကို ကျွန်တော်သိစေချင်လို့ပါ။

အဲ့လိုပြောလို့လည်း တတ်လို့မှတ်လို့ မဟုတ်ပါဘူး သိထားတာလေးပါ။

ကျွန်တော်လည်းမသိတဲ့အရာဆိုရင်တော့ ကျွန်တော့်ထက်သိတဲ့ အကိုတွေကို

မေးကပါတယ်။ စပီးတော့ ဖျောက်ကြည့်ကြမယ်ဗျာ..

Registry Editor ဆီကိုဝင်လိုက်ပါ။

အဲ့ဒီမှာ HKEY_CURRENT_USER ကိုသွားလိုက်ပါ။

သူ့ကနေတဆင် သူ့အောက်မှာ ရှိတဲ့ Control Panel ဆိုတာလေးကို သွားလိုက်ပါ။

အဲ့ကနေတဆင့် don't load ဆိုတာလေးကို ရှာလိုက်ပါ။

ရှာလို့တွေ့ပီဆိုရင်တော့ သူ့ဆီကနေပီးတော့ New ကတစ်ဆင့် String Value ကိုယူလိုက်ပါ။

အောက်မှာပြထားပါတယ်။



အဲ့ဒါပီးရင်တော့ အဲ့ဒီ ရလာတဲ့ String Value ကို mlcfg32.cpl ဆိုပီးတော့ ကျွန်တော်တို့

Rename ပြောင်းပေးလိုက်ပါ။ ပီးရင်တော့ ပြောင်းထားတဲ့ mlcfg32.cpl ကို အောက်မှာပြထားသလို

Modify လုပ်လိုက်ပါ။



သူနဲ့သက်ဆိုင်တဲ့ Box လေးထပ်ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Value Data နေရာမှာ

ပုံမှာ ကျွန်တော်ပြထားသလို No လို့ပေးလိုက်ပါ။ ပီးရင်တော့ Ok ပေးလိုက်ပေါ့။



ပီးပီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Control Panel လေးကိုပြန်ဖွင့်ပီးတော့ သူ့ပေါ်မှာ

Refresh ပေးလိုက်ပီဆိုရင်တော့ ကျွန်တော်တို့ ဖျောက်ထားချင်တဲ့ Mail ဆိုတဲ့ Icon လေး

ပျောက်နေတာကို မြင်တွေ့ကမှာ ဖြစ်ပါတယ်။

တကယ်လို့ များ ပြန်ဖေါ်ချင်တယ် ဆိုရင်တော့ အစောက mlcfg32.cpl ဆိုတာလေးကို

ပြန်ဖျက်လိုက်ယုံပါပဲ။ အဆင်ပြေပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်..

ကျေးဇူးတင်ပါတယ်...
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!