Demo Blog

XP splash screen ကို ဖျောက်ရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

XP splash screen ကို ဖျောက်တတ်သူတွေရှိသလို

မတတ်တဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။

သိပ်တော့မခက်ပါဘူး။

အခက်အခဲလည်းမရှိပါဘူး.. တင်တောင်မတင်ချင်ဘူး ဒီအကြောင်းကို

ဘာလို့လည်းဆိုတော့ သိတဲ့သူများတယ်ထင်လို့လေ..

ဒါပေမယ့်လည်း ကျွန်တော်မေ့တဲ့အခါ ပြန်ကြည့်လို့ရအောင် တင်ထားတာပါ..

စစချင်း မှာ Run ကနေ Msconfig ကိုခေါ်လိုက်ပါ။

ခေါ်ပီးပီဆိုရင်တော့ သူနဲ့ဆိုင်တဲ့ System Configuration Setting ဆိုတာလေး ပေါ်လာပါလိမ့်မယ်။

အဲ့ဒီမှာ ကျွန်တော်တို့ BOOT.INI ဆိုတာရှိပါတယ်။ အဲ့ဒါကို Click လိုက်ပါ။

အဲ့ဒီမှာ ဒုတိယမြောက်နေရာမှာ /NOGUIBOOT ဆိုတာလေးကို အောက်ကအတိုင်း

အမှန်ခြစ်လေးပေးလိုက်ပါ။ ပီးရင်တော့ Apply / OK ပေးလိုက်ပါ။



Restart တောင်းပါလိမ့်မယ်။ ပေးလိုက်ပါ။ ပီးရင်တော့ မိမိတို့ ၀င်းဒိုးအတတ်မှာ

XP splash screen ပျောက်နေတာကို တွေ့ကမှာပါ။

အဆင်ပြေကြပါစေ....
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!