Demo Blog

Remove the Taskbar from your screen

by ရာမညတိုင်းသား on Nov.22, 2009, under

ဒါလေးကလည်း ရှင်းတော့ရှင်းရှင်းလေးပါပဲ ။ ခေါင်းစဉ်ဖတ်တာနဲ့ တင် ရှင်းတယ်လို့ယူဆရတယ်

ဒီတိုင်းလေးပဲထားထားတော့မယ် ရှင်းနေလို့လေ ဟီးဟီး ..

ကျွန်တော်အောက်မှာ ရေးပေးထားတဲ့ အဆင့်အတိုင်းသွားလိုက်ရုံပါပဲ

လိုတာတွေထည့်မယ် .ဗျာ

စပီးတော့ စမ်းကြည့်လိုက်ရအောင် ဗျာ နော်..

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer]

အဲ့ကနေပီးတော့ New Values ယူလိုက်ပါ..ပြီးရင်တော့ အဲ့ Value တွေနေရာမှာ အောက်မှာပြထားတဲ့

“NoSetTaskbar”=dword:00000001

“NoTrayItemsDisplay”=dword:00000001

“HideClock”=dword:00000001

“NoToolbarsOnTaskbar”=dword:00000001

“NoTrayContextMenu”=dword:00000001

“NoSaveSettings”=dword:00000000

ဒါလေးတွေကို New Value ကတစ်ဆင့် Rename ပေးပီးယူလိုက်ပါ။

“NoSaveSettings”=dword:00000000 ကတော့ ရှိပီးသားပါ.. အဲ့ကောင်ကို 0 ဖြစ်နေတာကို 1 ပြောင်းပေးလိုက်ပါ။

ပီးရင်တော့ Decimal ပေး ပီး Ok ။ “NoSaveSettings”=00000001 အဲ့လိုလေး ပေါ်သွားလိမ့်မယ် ။

ပီးရင်တော့ Restart နဲ့သာ အဆုံးသတ်ပေးလိုက်ပေါ့ဗျာ။ ၀င်ဒိုးပြန်တတ်လာရင်တော့ Taskbar မှာရှိနေတဲ့ Start Menu

ကလွဲလို့ ကျန်တာတွေပျောက်နေတာကို တွေ့က မှာပါပဲ ။ Taskbar ပေါ်မှာလည်း RightClick ပေးလို့မရတော့ပါဘူး ။

မူလအတိုင်းပြန်ဖြစ်ချင်ရင်တော့ တဆင့်ချင်းပြန်သွားပီး အစောက အသစ်ယူထားတဲ့ Value တွေကို Delete လုပ်ပီးတော့

“NoSaveSettings” ကိုတော့ 1 နေရာမှာ 0 ထားပီး Decimal ကိုပြန်ရွေး Ok ပေးပီး Restart ပြန်ချပေးလိုက်ပါ။

မူလအတိုင်ပြန်တွေ့ကမှာပါ။ ဒါပေမယ့် Date & Time လေးတော့ပျောက်နေပါလိမ့်မယ်။

Taskbar မှာ Property ပေးပီး Show The Clock ကို Check ပေးလိုက်ပါ။

ဒါဆိုရင်တော့အားလုံး မူလအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်

အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်..ကျေးဇူးပါသူငယ်ချင်းများ။
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!