Demo Blog

Control Panel မှာရှိတဲ့ Power Options system icon လေးကိုဖျောက်ကြည့်ရအောင်

by ရာမညတိုင်းသား on Nov.22, 2009, under

ဒီတစ်ခါတော့ ကျွန်တော် Control Panel ထဲက Icon လေးတစ်ခုကိုပဲ

ထပ်ပြီးတော့ ဖျောက်သွားဖို့ဆုံးဖြတ်ထားပါတယ်။ Power Option System Icon

လေးပါ။ အဲ့ Power Option System Icon ကိုဖျောက်မှာပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့

ဖျောက်စေချင်ပါတယ်။ စပီးတော့ဖျောက်ကြည့်ရအောင်ဗျာ..

သူငယ်ချင်းတို့ရဲ့ Registry လေးကိုအရင်ဖွင့်လိုက်ပါ။

Registry Editor ထဲရောက်သွားတဲ့မှာ HKEY_CURRENT_USER ကိုသွားလိုက်ပါ။

သူ့ကနေတဆင် သူ့အောက်မှာ ရှိတဲ့ Control Panel ဆိုတာလေးကို သွားလိုက်ပါ။

အဲ့ကနေတဆင့် don't load ဆိုတာလေးကို ရှာလိုက်ပါ။

ရှာလို့တွေ့ပီဆိုရင်တော့ သူ့ဆီကနေပီးတော့ New ကတစ်ဆင့် String Value ကိုယူလိုက်ပါ။

အောက်မှာပြထားပါတယ်။



အဲ့ဒါပီးရင်တော့ အဲ့ဒီ ရလာတဲ့ String Value ကို powercfg.cpl ဆိုပီးတော့ ကျွန်တော်တို့

Rename ပြောင်းပေးလိုက်ပါ။ ပီးရင်တော့ ပြောင်းထားတဲ့ powercfg.cpl

ကို အောက်မှာပြထားသလို Modify လုပ်လိုက်ပါ။



သူနဲ့သက်ဆိုင်တဲ့ Box လေးထပ်ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Value Data နေရာမှာ

ပုံမှာ ကျွန်တော်ပြထားသလို No လို့ပေးလိုက်ပါ။ ပီးရင်တော့ Ok ပေးလိုက်ပေါ့။



ပီးပီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Control Panel လေးကိုပြန်ဖွင့်ပီးတော့ သူ့ပေါ်မှာ

Refresh ပေးလိုက်ပီဆိုရင်တော့ ကျွန်တော်တို့ ဖျောက်ထားချင်တဲ့

Power Option System Icon လေးပျောက်နေတာကို မြင်ကမှာပါ။

အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်..

ဆက်လက်သင်ယူနေပါဦးမယ်..
0 comments more...

0 comments

Post a Comment

Looking for something?

Use the form below to search the site:

Still not finding what you're looking for? Drop a comment on a post or contact us so we can take care of it!