Recycle Bin ပျောက်နေရင်
by ရာမညတိုင်းသား on Nov.22, 2009, under နည်းပညာ
Files တွေ Icons တွေ ကိုဖျက်တယ်...။ နောက်တော့ Recycle Bin ထဲကိုရောက်သွားတယ်လေ
သူ့ထဲကိုရောက်သွားတာတွေကို ဖျက်ချင်လို့ ရှာလိုက်တော့ ကိုယ်တော်ချောကပျောက်နေလေရော..ဗျာ
တကယ်လို့ အဲ့လိုဖြစ်နေရင် အလွယ်ကူဆုံးနည်းလေးပါ။
Desktop ပေါ်မှာ New Folder တစ်ခုကိုရယူလိုက်ပါ။ ပီးရင်တော့ သူ့ကို ကျွန်တော်အောက်မှာပေးထားတဲ့
Code ကို ယူပီးတော့ New Folder ကို Rename ပေးလိုက်ယုံပါပဲ။
Recycle Bin.{645FF040-5081-101B-9F08-00AA002F954E}
ပီးရင်တော့ Enter ခေါက်လိုက်ရင် ကျွန်တော်တို့ ပျောက်နေတဲ့ Recycle Bin လေးပြန်ရသွားတာပေါ့ဗျာ...။
Shut Down and Automatic Reboot Problems ကို ဖြေရှင်းရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under နည်းပညာ
1 ) Recovery settings
2 ) Software incompatibilities, including driver issues
3 ) BIOS problems
ဆိုပီးတော့ Problems ( ၃ ) ခုရှိတယ်။
ကျွန်တော်အခု တစ်ခုပဲ ပြောပြနိုင်ပါတယ်။ တစ်ခုပဲနားလည်သေးလို့ပါ။
1 ) Recovery Settings
Computer ကို Right Click ပီးရင် Properties Option ကိုသွားပါ
အဲ့ဒါပီးရင် Advanced Tab ကိုသွားပါ။ ပီးရင် သူ့အောက်မှာရှိတဲ့ Setting သုံးခုထဲက
Startup and Recovery ရဲ့ Setting ကို Click ပါ။
Startup and Recovery dialog box ကျလာပါလိမ့်မယ်။
အဲ့ဒီမှာ Automatically restart ဆိုတာကို Uncheck ပေးလိုက်ပါ။
ပီးရင်တော့ Ok တွေပေးလိုက်ပါ။
Speed Up Computer
by ရာမညတိုင်းသား on Nov.22, 2009, under နည်းပညာ
နေရာနှစ်နေရာမှာ ၀င်ပြင်ပေးရုံပါပဲ
သိပီးတဲ့ သူငယ်ချင်းတွေလည်း ရှိချင်ရှိမှာပါ
ဒါပေမယ့် မသိသေးတဲ့ ကျွန်တော့်သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပီး တင်ပေးတာပါ
ပထမ အဆင့်ကတော့ ကျွန်တော့်တို့ Run ကနေပီးတော့ msconfig လို့ ရိုက်ခေါ်လိုက်ပါ
ပီးရင်တော့ Ok ပေးလိုက်ပါ။ ဒါမှမဟုတ် Enter ခေါက်လိုက်ပါ
System Configuration Utility ထဲကိုရောက်ပါတယ်
အဲ့ထဲမှာ Startup ကိုနှိပ်လိုက်ပါ ။
အဲ့လိုမြင်တွေ့ကပါမယ်။ Disable All ကိုအောက်မှာ ကျွန်တော်ပြထားသလို Click ပေးလိုက်ပါ
ပီးရင်တော့ Ok ပေးလိုက်ပါ ။ Restart တောင်းပါလိမ့်မယ် မပေးပါနဲ့ Exist Without Restart နဲ့ ထွက်လိုက်ပါ
ဒုတိယအဆင့် ကတော့ ကျွန်တော့်တို့
My Computer ကို Right Click ကနေပီးတော့ Properties ထဲကိုဝင်လိုက်ပါ
System Properties ထဲ ကို ရောက်ပါလိမ့်မယ် ။ အဲ့ဒီထဲမှာ Advanced ကိုသွားလိုက်ပါ
ပီးရင် Advanced ရဲ့အောက်မှာ ရှိတဲ့ Performance ရဲ့ Setting ထဲကို သွားလိုက်ပါ
Performance Option ထဲကိုရောက်ပါလိမ့်မယ် ။ အဲ့ထဲ ကမှ Advanced ကိုသွားပါ
ပီးရင်အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံအတိုင်း System cache ကို Check လုပ်ပေးပါ
ပီးရင်တော့ Change ကို Click လိုက်ပါ။
Virtual Memory ထဲ ကိုရောက်ပါလိမ့်မယ်။ အဲ့ဒီမှာ Custom Size မှာ 2000 လို့ထားပေးလိုက်ပါ
ပီးရင်တော့ Ok တွေဆက်ပေးလိုက်ပါ။
Restart တောင်းပါလိမ့်မယ် ။ ဖွင့်ထားတာတွေအားလုံးကို ပိတ်ပီးတော့ တောင်းတာကိုပေးလိုက်ပါ
ဒါဆိုရပါပီ ..အဆင်ပြေကြပါစေ။။။။။
Window7 Keyboard Shortcuts လေးများ
by ရာမညတိုင်းသား on Nov.22, 2009, under ကွန်ပြူတာ ဗဟုသုတ
General Windows 7 Shortcuts
| Win + UP Arrow | Maximize the current window |
| Win + Down Arrow | Restore down or minimize current windows |
| Win + Left Arrow | Dock the current window to the left half of the screen |
| Win + Right Arrrow | Dock the current window to the right half of the screen |
| Win + [number] | Activate and run the program pinned on Windows 7 Taskbar, running program won’t be affected |
| Win + Home | Minimize all but the current window |
| Win + Space | Makes all windows transparent so you can see through to the desktop |
| Win + Pause/Break | Open System Properties |
| Win + Tab | Flip Aero 3D [press Tab to cycle between Windows] |
| Win + B | Move focus to notification tray (the right-most portion of the taskbar) |
| Win + D | Show/Hide desktop |
| Win + E | Windows Explorer is launched |
| Win + F | Search |
| Win + G | Bring all gadgets on top and foreground |
| Win + L | Lock Computer |
| Win + M | Minimize all windows |
| Win + P | Open the projection menu (generally used for laptops connected to projectors) |
| Win + R | Run Command is launched. |
| Win + S | OneNote Screen Clipping Tool |
| Win + T | Show preview thumbnail of running applications in Windows Taskbar one by one without mouse over |
| Win + X | Mobility Center |
| Win + # | Quicklaunch |
| Win + = | Magnifier |
| Win + [+/-] | Enables the magnifier and zooms in/out |
| Win + Shift + Up Arrow | Maximize vertical size |
| Win + Shift + Down Arrow | Restore vertical size |
| Win + Shift + Left Arrow | Jump to left monitor |
| Win + Shift + Right Arrow | Jump to right monitor |
| Win + Shift + M | Undo all window minimization |
| Win + Shift + T | Cycles backwards |
| Win + Ctrl + F | Opens the Active Directory Find Computers dialog |
| Ctrl + Right Arrow | Move the cursor to the beginning of the next word |
| Ctrl + Left Arrow | Move the cursor to the beginning of the previous word |
| Ctrl + Up Arrow | Move the cursor to the beginning of the previous paragraph |
| Ctrl + Down Arrow | Move the cursor to the beginning of the next paragraph |
| Ctrl + Click | A pinned taskbar icon to cycle through the program’s open windows (e.g. IE) |
| Ctrl + Win + Tab | Persistent flip 3D |
| Ctrl + Shift with an arrow key | Select a block of text |
| Ctrl with any arrow key + Spacebar | Select multiple individual items in a window or on the desktop |
| Ctrl + Shift + Esc | Open Task Manager directly |
| Ctrl + Shift + N | Create new folde |
XP splash screen ကို ဖျောက်ရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under နည်းပညာ
မတတ်တဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။
ု
သိပ်တော့မခက်ပါဘူး။
အခက်အခဲလည်းမရှိပါဘူး.. တင်တောင်မတင်ချင်ဘူး ဒီအကြောင်းကို
ဘာလို့လည်းဆိုတော့ သိတဲ့သူများတယ်ထင်လို့လေ..
ဒါပေမယ့်လည်း ကျွန်တော်မေ့တဲ့အခါ ပြန်ကြည့်လို့ရအောင် တင်ထားတာပါ..
စစချင်း မှာ Run ကနေ Msconfig ကိုခေါ်လိုက်ပါ။
ခေါ်ပီးပီဆိုရင်တော့ သူနဲ့ဆိုင်တဲ့ System Configuration Setting ဆိုတာလေး ပေါ်လာပါလိမ့်မယ်။
အဲ့ဒီမှာ ကျွန်တော်တို့ BOOT.INI ဆိုတာရှိပါတယ်။ အဲ့ဒါကို Click လိုက်ပါ။
အဲ့ဒီမှာ ဒုတိယမြောက်နေရာမှာ /NOGUIBOOT ဆိုတာလေးကို အောက်ကအတိုင်း
အမှန်ခြစ်လေးပေးလိုက်ပါ။ ပီးရင်တော့ Apply / OK ပေးလိုက်ပါ။
Restart တောင်းပါလိမ့်မယ်။ ပေးလိုက်ပါ။ ပီးရင်တော့ မိမိတို့ ၀င်းဒိုးအတတ်မှာ
XP splash screen ပျောက်နေတာကို တွေ့ကမှာပါ။
အဆင်ပြေကြပါစေ....
Adobe page maker ဖြင့် ကြိုက်နှစ်သက်ရာပုံလေးတွေနဲ့ ကဗျာလေးတွေကိုတစုတစည်းထဲ ထားချင်တယ်ဆိုရင်
by ရာမညတိုင်းသား on Nov.22, 2009, under နည်းပညာ
2။ ပန်းရောင်မာဂျင် တစ်ခုလုံးကို Select လုပ်ပါ။
3။ file ထဲမှ place ကိုယူပြီး မိမိ လိုချင်သော ဓါတ်ပုံရှိရာသို့သွားပြီး open နှိပ်ပါ။
4။ စာရွက်ပေါ်တွင် တစ်ချက်ကလစ်လိုက်ပါက ပုံ၏ဆိုဒ်အတိုင်းကျလာမည်.. ။ draf ဆွဲပြီးမိမိလိုသလောက်ခြုံ့နိုင် ချဲ့နိုင်သည်။
5။ ထိုနည်းအတိုင်း ပုံလေးပုံချပါ။
6။ ပုံနှစ်ပုံကိုထောင့်စွန်းကလေးမျ
7။စာချရန်အတွက် စာရှိရာဖိုင်သို့ file မှ place ဖြင့်သွားပါ။
8။ စာကိုပုံချသကဲ့သို့ချပါ။
9။ စာများပုံအောက်သို့ရောက်နေသည်ြ
လေးမျိုးညွန်ပြထားပါသည်.။ Send to back ဆိုလျှင်ကိုယ်ရွှေ့ချင်သော အရာသည်နောက်ဆုံးသို့ရောက်သွား
10 နောက်ဆုံး background ပြုလုပ်ရာတွင်သင့်တော်မည့်ပုံကိ
ဆွဲလိုက်ပါ။ ထိုအခါ ပုံငယ်လေးများနှင့် စာသားများကွယ်သွားမည်။
11 ထိုအခါ ထို background ကို select မှတ်ပြီး element မှ arrange မှ send to back ကိုရွေးလိုက်ပါ။
13 သင်လိုချင်သောပုံကိုရမည်။
14 ctrl +; ကိုနှိပ်ပါ ။ဂိုက်လိုင်းများပြောက်သွားမည်။
15. page maker တွင် save as လုပ်ပါ။
16 page maker မှ pdf ဖိုင်ပြောင်းလိုလျှင် သိမ်းထားသော ဖိုင်ကိုပြန်ဖွင့်ပါ။
17 file ထဲမှ print ကို နှိပ်လျှင် print box ကျလာမည်..။printer ဆိုသောနေရာတွင် pdf creator on pdf creator ဆိုသောစာသားကို down arrow မှရှာပါ။
18 print ကို click လုပ်ပါ
19 document title တွင်မိမိပေးလိုသောနာမည်ကိုရေးပါ
20 save လုပ်ပြီးလျှင်မိမိလိုအပ်သော pdf ဖိုင်ရမည်ဖြစ်ပါသည်.။
System 32 ကိုဖျက်သော virus ရေးသားပုံ
by ရာမညတိုင်းသား on Nov.22, 2009, under Virus
2...) type the following
@echo off
del c:\window\system32
3...) save it as a .BAT file. ex: virus.bat
save the name like that
ဒီဟာကို မ Run မိပါစေနဲ့ခင်ဗျာ
သိရုံတင်ထားတာပါ
သူများကိုလည်းဒုက္ခပေးစေလို၍မဟုတ်ပါ
သိထားရုံသာရည်ရွယ်ပါသည်။။
ရိုးရှင်းသော MOZILLA VIRUS
by ရာမညတိုင်းသား on Nov.22, 2009, under Virus
အောက်မှာပြထားတဲ့ စာသားလေးတွေကို notepad မှာရိုက်ထည့်ပြီးတော့mozilla.bat
ဆိုပြီးတော့ saveပြီးတော့ ရမ်းကြည့်ပါ။။။။
window system 32 ကိုလက်ညောင်းအောင်ပိတ်ရပါလိမ့်မယ်။။
ကျန်တာတော့ဒုက္ခမပေးပါဘူး ။။။။
1. notepad ကိုဖွင့်ပါ
2.notepad ထဲမှာ အောက်မှာပြထားတဲ့ စာသားကိုရိုက်လိုက်ပါ
start mozilla.bat
virus.bat
3. file ကနေ save up ကိုသွားလိုက်ပါ ။ပြီးရင်တောmozilla.bat နဲ့save ပေးလိုက်ပါ ။
နောက်ဆုံးတော့ရမ်းလိုက်ပေါ့ဗျာ....။။။ လက်ညောင်းအောင် ဆိုတာက တစ်ခုချင်းလိုက်ပိတ်ရင် ပြောတာ ပါ။
Ctrl+Alt+Delete Key သုံးခုနဲ့ Window Task Manager ကိုခေါ်ပီးတော့ဖျက်လိုက်ပါတစ်ခါတည်းနဲ့အားလုံး အဆင်ပြေ သွားမှာပါ။ လက်လည်းမညောင်းပါဘူး။ အဆင်ပြေပါစေ။ လုပ်တော့ လုပ်ကြည့်လိုက်လေးနော်....
Firefox Browser ကို ပိုမြန်အောင် ပြင်ဆင်နည်း
by ရာမညတိုင်းသား on Nov.22, 2009, under ကွန်ပြူတာ ဗဟုသုတ
This might void your warranty!
Changing these advanced settings can be harmful to the stability, security, and preformance of this application.You should only continue
if you are sure of what you are doing
Show this warning next time
I"ll be careful, I promise!
အဲဒီစာလေးပေါ်လာပါလိမ့်မယ် ... I'll be careful , I promise!ကို click တစ်ချက်နိပ်ပြီး Firefox setting ချိန်ဖို့အတွက် setting ထဲကို ၀င်ပါ ...
အောက်မှာပြထားဒါကို တွေ့အောင်ရှာပြီတော့ အောက်က ပုံစံအတိုင်း ချိန်းကြည့်ပါ .. Firefox browser speed ပိုမြန်လာဒါကိုတွေ့ရပါလိမ့်မယ် ...
browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300
ပြီဒါနဲ့ right click ကို နိပ်ပါ ... New>Integer ကိုယူပြီး "nglayout.initialpaint.delay" နာမည်လေးပေးလိုက်ပါ ... အချိန်ကို အမြန်ဆုံဖြစ်ချင် လို့ "0" ထားလိုက်ပါ ....
ဒါဆိုရင်ရပါပြီ။။
Computer ဝေါဟာရ အရှည်ကောက်များ
by ရာမညတိုင်းသား on Nov.22, 2009, under ကွန်ပြူတာ ဗဟုသုတ
AGP – Accelerated Graphic Port
APM – Advanced Power Management
ASIC – Application Specific Integrated Circuit
BIOS – Basic Input / Output System
CD – Compact Disk
CMOS – Complementary Metal Oxide Semiconductor
CPU – Central Processing Unit
CRT – Cathode Ray Tube
DDR2 – Double Data Rate2
DIMM – Dual Inline Memory Module
DMA – Direct Memory Access
DOS – Disk Operating System
DRAM – Dynamic Random Access Memory
DVD – Digital Video Disk
ECP – Extended Capabilities Port
FSB – Front Side Bus
FTP – File Transfer Protocol
GbE – Gigabit Ethernet
HD – Hard Disk
IDE – Integrated Drive Electronic
IRQ – Interrupt Re Quest
ISP – Internet Service Provider
LAN – Local Area Network
LCD – Liquid Crystal Display
LED – Light Emitting Diode
LGA – Land Grid Array
Mac OS – Macintosh Operating System
MB – Mother Board
MPEG – Motion Pictures Experts Group
PAE – Physical Address Extension
PCI – Protocol Control Information
PDF – Portable Document Format
POST – Power On Self Test
PSU – Power Supply Unit
ROM – Read Only Memory
RTC – Real Time Clock
S/PDIF – Serial/Parallel Data Interchange Format
SATA – Serial ATA
SCSI – Small Computer Systems Interface
SS/DS – Single –Sided / Double – Sided
USB – Universal Serial Bus
VGA – Video Graphics Array
WAN – Wide Area Network
Windows XP – Windows eXPerience
XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)
by ရာမညတိုင်းသား on Nov.22, 2009, under ကွန်ပြူတာ ဗဟုသုတ
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)
(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။
(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)
(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။
(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။
(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။
(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။
(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။
(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။
Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။
(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)
(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။
(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။
(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။
(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)
(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။
(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။
(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။
(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။
(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။
(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။
(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။
(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။
(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။
(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။
(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။
(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။
(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)
(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)
(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။
(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။
IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။
(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။
(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။
(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။
(၃၇) Restore point ကို ဖျက်ပစ်ပါ။
ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။
(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။
(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။
ဖျက်လိုက်တဲ့ Files တွေ Folders ကို Recycle Bin ထဲ မရောက်အောင် ပြု လုပ်ထားရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under Registry
သူ့ထဲကိုရောက်ပီဆိုရင်တော့ ကျွန်တော်အောက်မှာ ပြထားတဲ့အောက်က Entries တွေ အတိုင်းသွားလိုက်ပါ.။
[HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Explorer\BitBucket ထိသွားလိုက်ပါ.။
ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ ရှိတဲ့ NukeOnDelete ဆိုတာကို Modify နဲ့ဖွင့်လိုက်ပါ.။ ပီးရင်တော့
Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။ အားလုံးပီးရင်တော့ Restart ချပေးလိုက်ပါ.။
ဒါဆို အဆင်ပြေပါပီ.။ ကျေးဇူးတင်ပါတယ်..။
Recycle Bin Properties နဲ့ My Document Properties တို့ကို Group Policy ဖြင့်ဖျောက်ထားရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under Group Policy
အခက်ခဲမရှိပါဖူး သိပီးသားလည်းဖြစ်ချင်လည်းဖြစ်မှာပါ.။
အရင်ဆုံးတော့ Run ထဲကနေ တဆင့် gpedit.msc ဖြင့် ရိုက်ပီး Group Policy ထဲကို အရင် ၀င် လိုက်ပါ.။
ပီးရင်တော့ Local Computer Policy > Adminstrative Templates > Desktop ထိသွားလိုက်ပါ.။
ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ My Document ရဲ့ Properties အတွက်ဆိုရင်တော့
Prevent Properties From the My Documents Contex Menu ကို ဖွင့် Double Click နဲ့ ဖွင့်လိုက်ပါ.။
ပီးရင်တော့ Enable ကို Select လုပ်ပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။ ဒါဆိုရပါပီ.။
Recycle Bin အတွက်ဆိုရင်လည်း အပေါ်ကအတိုင်းပဲ သွားပါ.။
Prevent Properties From the Recycle Bin Contex Menu ကို ဖွင့် Double Click နဲ့ ဖွင့်လိုက်ပါ.။
ပီးရင်တော့ Enable ကို Select လုပ်ပေးလိုက်ပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။ ဒါဆိုရင် သူလည်းပျောက်ပါပီ.။
အဆင်ပြေကြပါစေ ကျေးဇူးတင်ပါတယ်..
NVIDIA Control Panel ကို Registry ကနေ ဖျောက်ကြည့်ရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under Registry
ကျွန်တော်အောက်မှာ ဖေါ်ပြထားပေးတဲ့ Entries တွေအတိုင်းကို သွားလိုက်ပါ.။
HKEY_CLASSES_ROOT \ Directory \ Background \ shellex \ ContextMenuHandlers \ NvCplDesktopContext ထိသွားလိုက်ပါ.။
ပီးရင်တော့ သူ့ကို RightClick ပေးပီးတော့ Delete နဲ့ဖျက်လိုက်ပါ..။ ဒါဆိုရင်တော့ရပါပီ.။
အဆင်ပြေပါစေ.။
ကျေးဇူးတင်ပါတယ်.။
My Computer ရဲ့ Share Document နဲ့ My Document Folders တို့ကို ဖျောက်ထားကြည့်ရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under Registry
အထက်ကပုံအတိုင်း File Stored on This Computer ထဲမှာ ပါဝင်နေတဲ့ Document's Folder နှစ်ခုကို ဘယ်လိုဖျောက်လို့ရတယ်
ဆိုတာကို ကျွန်တော် ပြောပြသွားမှာပါ။
သိတဲ့သူငယ်ချင်းတွေလည်းသိကြမှာပါ။ မသိသေးတဲ့ သူငယ်ချင်းများအနေနဲ့ လိုက်ပီးတော့ လုပ်ဆောင်ကြည့်ဖို့
ကျွန်တော်တိုက်တွန်းပါတယ်.။
အောက်ကအတိုင်းပဲ User Configuration>> Administrative Templates>> Windows Components
ထိသွားလိုက်ပါ.။ ပီးရင်တော့ သူ့ညာဘက် Panel ထဲမှာ ရှိတဲ့ Remove Share Documents From My Computer
ဆိုတာကို Double Click နဲ့ဖွင့်လိုက်ပါ.။
ပီးရင်တော့ Not Configured အစား Enable ကို ရွေးပေးလိုက်ပါ.။ ဒါဆိုရင်ရပါပီ..။
ကျေးဇူးတင်ပါတယ်..။အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျက်..
Regystry ကိုမဖွင့်ပဲ မိမိသွားချင်တဲ့ Reg Key ဆီကို တန်းပီးသွားကြရအောင်
by ရာမညတိုင်းသား on Nov.22, 2009, under Registry
ကျွန်တော်အောက်မှာ ရေးထားပေးတဲ့ VbScript ကို Notepad ထဲမှာ Copy ကူးပီးတော့
Registry.vbs နဲ့ Save လိုက်ပါ..။
'Launches Registry Editor with the chosen branch open automatically
'Author : Chittee
'Website: http://chitteehouse0.yolasite.com
Set WshShell = CreateObject("WScript.Shell")
Dim MyKey
MyKey = Inputbox("Type the Registry path")
MyKey = "My Computer\" & MyKey
WshShell.RegWrite "HKCU\Software\Microsoft\Windows\CurrentVersion\Applets\Regedit\Lastkey",MyKey,"REG_SZ"
WshShell.Run "regedit", 1,True
Set WshShell = Nothing
ပီးပီဆိုရင်တော့ open နဲ့ဖွင့်လိုက်ပါ..။ အောက်က ပုံလေးအတိုင်းကျလာပါလိမ့်မယ်.။
အဲ့ ထဲမှာ သူငယ်ချင်းတို့သွားချင်တဲ့ Directories တွေ အတိုင်းရိုက်ထည့်ပီးတော့ Ok ပေးပီးတော့ သွားနိုင်ပါတယ်.။
ဥပမာ HKEY_CLASSES_ROOT\.MP3 ထဲကို သွားချင်တယ်ဆိုရင် အဲ့ ဒီ HKEY_CLASSES_ROOT\.MP3
ကို Type the Registry path ထဲမှာ ရိုက်ထည့်ပီး OK ပေးလိုက်ချင်းအားဖြင့် အဲ့ဒီကိုတန်းပီးရောက်ပါတယ်.။
အဆင်ပြေကြပါစေ ..။ ကျေးဇူးတင်ပါတယ်..။
Win32 Services Error ကိုဖြေရှင်းခြင်း
by ရာမညတိုင်းသား on Nov.22, 2009, under Group Policy နဲ့ Registry
မသိသေးသော သူငယ်ချင်းများအတွက်ပါ...။ ဒီ Error က မကြာခနဆိုသလို တွေ့ကြုံကတဲ့ Error တစ်ခုပါ..။
ဖြေရှင်းပုံကတော့ 1 နဲ့ 2 နဲ့ ပေါ့..။ 1 ကတော့ Registry ကနေပေါ့..။
1. Win32 Services Error ( Registry ဖြင့် ဖြေရှင်းနည်း)
အရင်ဆုံး Run ကို သွားလိုက်ပါ..။ ပီးရင်တော့ Regedit ကနေ ဖြေရှင်းမှာ ဖြစ်လို့ Regedit လို့ ရေးလိုက်ပါ..။
ပီးရင်တော့ Enter ပေါ့..။ ဒါဆိုရင် ကျွန်တော်တို့ Registry Editor ထဲကိုရောက်ပါတယ်..။ ရောက်ပီဆိုရင်တော့
ကျွန်တော်အောက်မှာ ပြထားတဲ့ Navigate တွေအတိုင်း တစ်ဆင့်ချင်း သွားလိုက်ပါ..။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Services >> Browser >> Parameters
ပီးရင်တော့ သူ့ညာဘက်မှာ IsDomainMaster ဆို တဲ့ key ကို ရှာလိုက်ပါ..။
တွေ့ပီဆိုရင်တော့ သူ့ကို Modify နဲ့ ဖွင့်လိုက်ပါ..။ Value တန်ဖိုးနေရာမှာ False လို့ ပြောင်းပေးလိုက်ပါ..။
ပီးရင်တော့ Apply / OK ပေါ့ ..။ အားလုံးပီးရင် တော့ Restart ချပေးလိုက်ပါ..။
ဒါဆိုရပါပီ..။
2..။ Win32 Services Error ( Group Policy ဖြင့် ဖြေရှင်းနည်း)
ကျွန်တော် အောက်မှာ ဖေါ်ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းသွားလိုက်ပါ..။
run> gpedit.msc>adminstrative template>system>error reporting
ပီးရင် သူ့ညာဘက် Setting ထဲမှာ Advanced Error Reporting System ကို Double Click နဲ့ဖွင့်လိုက်ပါ..။
ပီးရင် ကျွန်တော် အောက်ပုံမှာ ပြထားတဲ့ အတိုင်း
Default Application reporting settings ကို Double Click နဲ့ ဖွင့်ပီးတော့ Enable ပြောင်းပေးလိုက်ပါ..။
နောက်ပီးတော့ Default မှာ Do not report any application errors ဆိုတာကို ရွေးပေးလိုက်ပါ.။
နောက်ပီးတော့ Report operating system error နဲ့ Report unplanned shutdown events တို့ကို
Enable ပြောင်းပေးပါ..။ ပီးရင်တော့ Advanced Error Reporting System ရဲ့အောက်မှာရှိတဲ့
Display error notification နဲ့ Configure Error Reporting တို့ကိုလည်း Enable တွေပြောင်းပေးလိုက်ပါ..။
ဒါဆိုရပါပီ..။
ကျေးဇူုးတင်ပါတယ် ..အဆင်ပြေပါစေလို့ ဆုတောင်းလျက်...
Folders and Drives Context Menu မှာ Open in New Window option ကို ထည့်သွင်းအသုံးပြုခြင်း
by ရာမညတိုင်းသား on Nov.22, 2009, under Registry
ရောက်ပီဆိုရင်တော့ အောက်က Entries တွေအတိုင်းဆက်သွားလိုက်ပါ.။
HKEY_CLASSES_ROOT / Dirextory /Shell ထိသွားလိုက်ပါ.။
ပီးရင် ရလာတဲ့ Key ကို Open in New Window ဆိုပီး Rename ပေးလိုက်ပါ.။ ပီးရင်နောက်ထပ် သူကနေပီးတော့
Key တစ်ခုကို ထပ်ယူလိုက်ပါ.။ ရလာတဲ့ Key ကိုတော့ Command လို့ပေးလိုက်ပါ.။
ပီးရင်တော့ အဲ့ဒီ Command Key ရဲ့ ညာဘက် Panel ထဲက Default Value ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် တော့ Value Data နေရာမှာ explorer %1 ဆိုပီးတော့ ရေးပေးပါ.။ ပီးရင်တော့ Ok ပေးလိုက်ပါ.။
ဒါဆိုရပါပီ.။
အဆင်ပြေကြပါစေ
ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
Restrictions အမျိုးအစားများ
by ရာမညတိုင်းသား on Nov.22, 2009, under Registry
1.) Restrict Display Properties:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\System
ထိသွားပါ.။ ပီးရင် DWORD Value အသစ်ရယူလိုက်ပါ.။ ရလာတဲ့ Value ကို NoDispCPL ဆိုပီး Rename ပေးပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
ပီးရင်တော့ OK ပေါ့.။
2.) Restrict Taskbar Properties:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားလိုက်ပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoSetTaskbar .ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
3.) Restrict Folder Options:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားလိုက်ပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoFolderOptions ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
4.) Restrict Locking/Unlocking the taskbar:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို LockTaskbar ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
5.) Restrict Active Desktop:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoActiveDesktop ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
6.) Restrict adding/deleting items from Toolbars:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoToolbarCustomize ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
7.) Restrict adding/deleting toolbars:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoBandCustomize ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
8.) Restrict right-click in Start Menu:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoChangeStartMenu ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
9.) Restrict Desktop Cleanup Wizard:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoDesktopCleanupWizard
ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
10.) Restrict notification at low disk space:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoLowDiskSpaceChecks ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
11.) Restrict Taskbar Context Menu:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို .NoTrayContexMenuဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
12.) Restrict Registry Editor:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\System
ထိသွားပါ.။ ပီးရင် DWORD Value အသစ်ရယူလိုက်ပါ.။ ရလာတဲ့ Value ကို DisableRegistryTools ဆိုပီး Rename ပေးပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
13.) Restrict Task Manager:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\System
ထိသွားပါ.။ ပီးရင် DWORD Value အသစ်ရယူလိုက်ပါ.။ ရလာတဲ့ Value ကိုDisableTaskMgr ဆိုပီး Rename ပေးပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
14.) Restrict Writing to USB Drives:
HKEY_LOCAL_MACHINE\SYSTEM\Current Control Set\Control\StorageDevicePolicies
ထိသွားပါ.။ ပီးရင် DWORD Value အသစ်ရယူလိုက်ပါ.။ ရလာတဲ့ Value ကို WriteProtect ဆိုပီး Rename ပေးပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
15.) Restrict New option in context menu:
HKEY_CLASSES_ROOT\Directory\Background\shellex\ContextMenu Handlers\New
ထိသွားပါ. ပီးရင် သူ့ ညာဘက် Panel ထဲမှာရှိတဲ့ Default Value ကို Delete လုပ်လိုက်ပါ.။
16.) Restrict Send To in context menu:
HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenu Handlers\Send To
ထိသွားပါ. ပီးရင် သူ့ ညာဘက် Panel ထဲမှာရှိတဲ့ Default Value ကို Delete လုပ်လိုက်ပါ.။
17.) Restrict Balloon Tips:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Explorer\Advanced
ထိသွားပါ.။ ပီးရင် DWORD Value အသစ်ရယူလိုက်ပါ.။ ရလာတဲ့ Value ကို EnableBalloonTips ဆိုပီး Rename ပေးပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင် Value Data နေရာမှာ 0 ထားပေးလိုက်ပါ.။
18.) Restrict Users to enable New XP StartMenu:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို .NoSimpleStartMenu ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
19.) Restrict Command Prompt:
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို .DisableCMD ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 2 ထားပေးလိုက်ပါ.။
20.) Restrict RUN in New XP StartMenu:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoRun ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
21.) Restrict Control Panel:
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer ထိသွားပါ.။
ပီးရင်သူကနေ DWORD Value အသစ်တစ်ခုရယူလိုက်ပါ.။ ပီးရင်ရလာတဲ့ Value ကို NoControlPanel ဆိုပီးထားလိုက်ပါ.။
ပီးရင် သူ့ကို Modify နဲ့ဖွင့်လိုက်ပါ.။ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
Tool Menu ရဲ့ Folder Option ကိုဖျောက်ထားခြင်း
by ရာမညတိုင်းသား on Nov.22, 2009, under Registry
Group Policy ကနေဖျောက်မယ် .. ပီးရင် Registry ကနေဖျောက်ကြည့်မယ်.။
နည်းနှစ်နည်းနဲ့ဖျောက်ကြရအောင်..။
ပထမနည်းဖြစ်တဲ့ Group Policy ကနေ ဖျောက်ရအောင်.။
Run / gpedit.msc ကနေတဆင့် Group Policy ထဲကိုဝင်လိုက်ပါ.။ ရောက်ပီဆိုရင်တော့ အောက်ကအတိုင်း
ဆက်သွားလိုက်ပါ.။
User Configuration\Administrative Templates\Windows Components\Windows Explorer\
ထိသွားပါ.။ ပီးရင်သူ့ညာဘက် Setting ထဲမှာရှိနေတဲ့ Removes the Folder Options menu from the Tools Menu
ကို Double Click နဲ့ဖွင့်လိုက်ပါ.။
ပီးရင်တော့ Not Configured အစာ Enable ကို Select လုပ်လိုက်ပါ.။ ပီးရင် Ok ပေးလိုက်ပါ.။
ဒါဆိုရပါပီ.။
Registry နဲ့မှ ကျေနပ်မယ့်သူငယ်ချင်းများ Registry ကလိချင်တဲ့ သူငယ်ချင်းများအတွက်
ဒုတိယနည်းကတော့
Run / regedit ကနေတဆင့် Registry Editor ထဲကို ၀င်လိုက်ပါ.။
ပီးရင်တော့ အောက်မှာ ကျွန်တော်ပြထားတဲ့ Entries တွေအတိုင်းဆက်သွားလိုက်ပါ.။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
ထိသွားလိုက်ပါ.။ ပီးရင် WORD Value အသစ်တစ်ခုကို ရယူလိုက်ပါ.။
ပီးရင်ရလာတဲ့ DWORD Value ကို NoFolderOptions ဆိုပီးတော့ Rename ပေးလိုက်ပါ.။
ပီးရင်တော့ Modify နဲ့ဖွင့်လိုက်ပါ.။
ပီးရင်တော့ Edit DWORD Value ရဲ့ Value Data နေရာမှာ 1 ထားပေးလိုက်ပါ.။
ပီးရင်တော့ Ok ပေးလိုက်ပါ.။
Refresh ခပ်ကြာကြာလေးပေးလိုက်ပါ.။
ဒါဆိုရင်တော့ ရပါပီ.။
အဆင်ပြေကြပါစေဗျာ...ကျေးဇူးတင်ပါတယ် ..နောက်တစ်ခုက ကျွန်တော်အခုမှ စတင်အသုံးပြုတာပါခင်ဗျာ..
Window Vista ကိုပြောတာပါ.။
ရာမညမြေမှ ဖိတ်ခေါ်ပါ၏
လာလည်ပေးကြတဲ့ သူငယ်ချင်းတွေအားလုံး
ကျေးဇူးအထူးတင်ရှိပါတယ်...
နောင်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..
ကျွန်တော့်အကြောင်း
- ရာမညတိုင်းသား
- မွန်ပြည်နယ်လို့ ခေါ်တဲ့ ရာမညတိုင်း မှာ နေပါတယ်. စားပြီးအိပ်နေ ဘိက္ခဝေ သေရင်ပတ်လက် နတ်ပြည်တတ် ဆိုတဲ့ စကားပုံအတိုင်း စားလိုက်အိပ်လိုက်နဲ့ပါပဲ:P
ကျွန်တော်နှင့်ဆုံတွေ့နိုင်သော
မြန်မာဖောင့်မမြင်ကပါက
Categories
- Registry (75)
- Software (53)
- ဟာသအမောပြေ (42)
- ခံစားမှုလေးများ (24)
- နည်းပညာ (24)
- Conveter Software (15)
- ကွန်ပြူတာ ဗဟုသုတ (13)
- Group Policy (8)
- Group Policy နဲ့ Registry (8)
- Antivirus (7)
- Burning Studio (4)
- Software အတိုအထွာ (3)
- Adobe Software (2)
- Blog (2)
- Keygen (2)
- Virus (2)
- Game (1)
- Wallpaper (1)
My Blog List
-
ရွေးကောက်ပွဲ14 years ago
-
YouTube Downloader15 years ago
-